ကမ်းနားမှနှစ်ချို့အမှိုက်များအား ရှင်းပြီ

မြိတ်ကမ်းနားလမ်းနံဘေး၊ ပင်လယ်ရေစပ် လတာပြင်ပေါ်ရှိ နှစ်ချို့အမှိုက်များကို ပြီးခဲ့သည့် ရက်ပိုင်းက ရှင်းလင်းခဲ့ကြောင်း သိရသည်။ နှစ်ပေါင်းများစွာကြာအောင် ပင်လယ်ကမ်းစပ်တွင် တည်ရှိနေခဲသည့် ငါးဖမ်းပိုက်အစုတ်၊ ပိုက်ကြိုး၊ အဝတ်အစားအစုတ်၊ ဆိုင်ကယ်နှင့် ကားတာယာများ၊ အရက်ပုလင်း အကွဲအရှများကို ရှင်းလင်းကောက်ယူခဲ့ကြောင်း...

မလိကျွန်း ပုလဲကုမ္ပဏီ ဝန်ထမ်းများ လုပ်ခလစာ လနှင့်ချီ မရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မလိကျွန်းရှိ ပုလဲကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းအများစုမှာ လနှင့်ချီကာ လုပ်ခလစာ မရရှိကြသေးကြောင်း အဆိုပါ ဝန်ထမ်းများထံမှ သိရသည်။ အကွာဂိုးလ် (Aqua Gold Co.Ltd ) ပုလဲမွေးမြူရေးကုမ္ပဏီတွင် လက်ရှိလုပ်...

လမ်းဘေးရပ်နေသူကို အိမ်စီးကား ဖြင့်ဝင်တိုက်၊ ဓားရှည်ဖြင့်ခုတ်ပြီး ထွက်ပြေး

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု၊ ကုန်းဖောက်ရပ်၊ အဝေးပြေးကား ဝင်းအနီး၌ သြဂုတ်လ ၁၉ ရက်နေ့က လမ်းနံဘေးတွင် ရပ်နေသည့် အမျိုးသားတစ်ဦးအား အိမ်စီးကားတစ်စီးက ဝင်တိုက်ပြီး ဓားရှည်ဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း မြိတ်မြို့၊ မြို့မရဲစခန်းထံမှ သိရသည်။

မဲစာရင်းအမည်မပါသဖြင့် ပြန်လည်လျှောက်ထားသူ မြိတ်ခရိုင်တွင် တစ်သောင်းကျော်ရှိ

မြိတ်ခရိုင်အတွင်းတွင် မဲစာရင်း အမည်မပါသဖြင့် ပုံစံ ၃ ဖြင့် ပြန်လည် လျှောက်ထားသူဦးရေမှာ တစ်သောင်းကျော်ရှိကြောင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲစာရင်းတွင် အမည်မပါက ပုံစံ ၃၊ ကိုယ်ရေးအချက်အလက် မှားယွင်းပါ က...

ပေ ၁၇၀ဝ ရှည် မြစ်ကူးတံတား လေထဲတွင် ပျောက်နေဆဲ

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အညင်းရွာနှင့် ဘုရားထွက်ကျေးရွာသို့ ဆက်သွယ်မည့် ပေ ၁၇၀ဝ ရှည် မြစ်ကူးတံတားအား တည်ဆောက်ပေးနိုင်မည်မဟုတ်သေးကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။ အဆိုပါတံတားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ရန် ပြီးခဲ့သည့်သုံးနှစ်...

ငါးရက်အတွင်း လေဘေးကြောင့် နေအိမ်တစ်ရာကျော် ထိခိုက်ပျက်စီး၊ မြိတ်ခရိုင်အများဆုံး

ပြီးခဲ့သည့်ရက်များက တိုက်ခတ်သည့် လေပြင်းကြောင့် ငါးရက်အတွင်း နေအိမ်တစ်ရာကျော် ထိခိုက်ပျက်စီးခဲ့ပြီး မြိတ်ခရိုင်တွင် အများဆုံးဖြစ်ပွားခဲ့သည်ဟု တနင်္သာရီတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် မြိတ်ခရိုင်တွင် နေအိမ် ၁၀၉ လုံး၊ ကော့သောင်းခရိုင်တွင် နေအိမ်...

လေလံဈေးကွက်မရှိသဖြင့် ငှက်သိုက်လုပ်ငန်းရှင်များ အဆင်မပြေဟုဆို

လက်ရှိတွင် ကြုံရကျပန်း ရောင်းချနေရခြင်းကြောင့် အဆင်မပြေမှုများ ရှိနေပြီး ယင်းကို ဖြေရှင်းနိုင်ရန်အတွက် ခိုင်မာသည့် လေလံဈေးကွက်တစ်ခု လိုအပ်နေသည်ဟု တစ်နိုင်တစ်ပိုင် ငှက်သိုက်မွေးမြူရေး လုပ်ကိုင်သူများက ပြောဆိုသည်။ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် အိမ်တွင်း ငှက်သိုက်မွေးမြူ...

“အမေ သူလိမ်နေတယ်” ဆိုသူ ရွေးကောက်ပွဲဝင်မည်

၀န်ကြီးအနေနှင့် မမှန်ကန်သည့် အချက်အလက်များကို နိုင်ငံတော်၏အတိုင်ပင်ခံထံသို့ တင်ပြနေသည်ဟု ပြောဆိုခဲ့သည့် ဦးခင်မောင်သန်းသည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။ ၎င်းသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မြိတ်မြို့သို့ လာရောက်ခဲ့သည့်...

ကိုဗစ်ရောဂါ စစ်နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းတွင် တပ်ဆင်မည်

ကိုဗစ်-၁၉ ရောဂါကို ဓာတ်ခွဲစစ်ဆေးနိုင်သည့် စက်သုံးလုံးကို တနင်္သာရီတိုင်းတွင် တပ်ဆင်မည်ဖြစ်ကြောင်း တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကော့သောင်းမြို့နယ်တွင် တပ်ဆင်ထားပြီး ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် ဆက်လက်တပ်ဆင် ရန်အတွက် အခန်းပြင်ဆင်ခြင်း၊ စက်ကိုင်တွယ်အသုံးပြုမည့် ကျန်းမာရေး...

တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိ

မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းမှုကြောင့် တနင်္သာရီမြစ်ရေမှာ တ‌ဖြည်းဖြည်း မြင့်တက်လာနေသဖြင့် သြဂုတ်လ ၆ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း တနင်္သာရီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၏ မြစ်ရေအား...