ကိုဗစ်ရောဂါ စစ်နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းတွင် တပ်ဆင်မည်

0
558

ကိုဗစ်-၁၉ ရောဂါကို ဓာတ်ခွဲစစ်ဆေးနိုင်သည့် စက်သုံးလုံးကို တနင်္သာရီတိုင်းတွင် တပ်ဆင်မည်ဖြစ်ကြောင်း တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ကော့သောင်းမြို့နယ်တွင် တပ်ဆင်ထားပြီး ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် ဆက်လက်တပ်ဆင် ရန်အတွက် အခန်းပြင်ဆင်ခြင်း၊ စက်ကိုင်တွယ်အသုံးပြုမည့် ကျန်းမာရေး ဝန်ထမ်းများကို သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်နေကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဒေါက်တာထွန်းမင်းက ပြောသည်။

လွှတ်တော်သို့ ရောက်ရှိသွားသည့် ရေကြည်ငါးဖမ်းမှု

“ဘယ်တော့စစ်နိုင်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။

ဓာတ်ခွဲစစ်ဆေးမှုကို ဆေးယဉ်ပါး တီဘီရောဂါရှာဖွေရေး (GenXPert) စက်ဖြင့် စစ်ဆေးနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး မြို့နယ် ၂၆ မြို့နယ်တွင် အဆိုပါစက်ဖြင့် ကိုဗစ် -၁၉ ရောဂါကို ဓာတ်ခွဲစစ်ဆေးနိုင်တော့ မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကမူ ဇူလိုင်နောက်ဆုံးအပတ်က သတင်းထုတ်ပြန်ခဲ့သည်။

တိုင်းဦးစီးမှူး၏ ပြောဆိုချက်အရ တိုင်းအတွင်း တပ်ဆင်နေသည့် စက်များသည် တစ်ခါစစ်လျှင် နှစ်ဦးခန့်သာ စစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

လက်ရှိတွင် တနင်္သာရီတိုင်းအနေနှင့် ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ တစ်ကြိမ်စစ်လျှင် အနည်းဆုံး လူငါးရာဦးခန့်ပေးပို့စစ်ဆေးနေရသည်။

ထို့ကြောင့် ယခုတပ်ဆင်မည့် စက်များသည် အရေးပေါ်အခြေအနေရှိသူများကိုသာ စစ်ဆေးနိုင်မည်ဖြစ်ပြီး ကျန် ဓာတ်ခွဲနမူနာများကိုမူ မော်လမြိုင်နှင့် ရန်ကုန်သို့ ပေးပို့စစ်ဆေးရမည် ဖြစ်သည်။

သြဂုတ်လ ၁၄ ရက်တွင် တိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းအတွင်းရှိ စောင့်ကြည့်ရေးစခန်း အသီးသီးတွင် အသွားအလာကန့်သတ်ထားသူ တစ်ထောင်ကျော်(၁၁၄၁ ဦး) ရှိကြောင်း သိရသည်။

ကျော်သူစိုး