လေလံဈေးကွက်မရှိသဖြင့် ငှက်သိုက်လုပ်ငန်းရှင်များ အဆင်မပြေဟုဆို

0
646

လက်ရှိတွင် ကြုံရကျပန်း ရောင်းချနေရခြင်းကြောင့် အဆင်မပြေမှုများ ရှိနေပြီး ယင်းကို ဖြေရှင်းနိုင်ရန်အတွက် ခိုင်မာသည့် လေလံဈေးကွက်တစ်ခု လိုအပ်နေသည်ဟု တစ်နိုင်တစ်ပိုင် ငှက်သိုက်မွေးမြူရေး လုပ်ကိုင်သူများက ပြောဆိုသည်။

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် အိမ်တွင်း ငှက်သိုက်မွေးမြူ ရောင်းချသူ ရာချီရှိပြီး လက်ရှိအချိန်တွင် ထွက်ရှိလာသည့် ငှက်သိုက်များကို နီးစပ်ရာတွင်သာ ရောင်းချနေကြရသည်။

ဇီဝဇိုးတို့ ပျော်စံရာ

ယင်းကြောင့် ထိုက်သင့်သည့် ဈေးနှုန်းတစ်ခုကို မရရှိကြဘဲ အဆင်ပြေ သလိုသာထုတ် ရောင်းနေကြရကြောင်း တစ်နိုင်တစ်ပိုင် ငှက်သိုက်လုပ်ငန်းရှင်များက ပြောသည်။

“လေလံစနစ်မျိုးနဲ့ ခင်းကျင်းပြီး ရောင်းရလို့ရှိရင်တော့ ဒီထက်ဈေးပို ကောင်းလာမယ်လို့ထင်ပါတယ်” ဟု ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအရပ်တွင် တစ်နိုင်တစ်ပိုင် ငှက်သိုက်မွေးမြူနေသူ ဦးအောင်မိုးက ပြောသည်။

ဈေးကွက်ခိုင်မာစွာ ရောင်းချနိုင်ရေးအတွက် ငှက်သိုက်ကို စနစ်တကျ မွေးမြူခြင်း၊ သန့်စင်ခြင်းစသည့် နည်းပညာ များလည်း အားနည်းလျက်ရှိနေရာ သက်ဆိုင်ရာအစိုးရက ကူညီပံ့ပိုးပေးနိုင်ရန်လည်း ၎င်းတို့က မျှော်လင့်နေကြသည်။

“လက်ရှိကတော့ အရိုင်းပဲထုတ် ရောင်းနေကြတာ များတယ်” ဟု ဦးအောင်မိုး က ပြောသည်။

“အမေ သူလိမ်နေတယ်” ဆိုသူ ရွေးကောက်ပွဲဝင်မည်

ဒေသတွင်းအတွင် လေလံပွဲကို အနည်းဆုံး တစ်လနှစ်ကြိမ်ခန့် အစိုးရက စီစဉ်ပေးပြီး တစ်ပြိုင်နက်ထဲမှာပင် ဒေသအာဏာပိုင်နှင့် သက်ဆိုင်ရာဌာနတို့ ပါပူးပေါင်း၍ One Stop Service ဖြင့် မျှောစာထုတ်ပေးသည့် စနစ်ပြုလုပ်လျှင် နိုင်ငံအနေဖြင့် အခွန်ပိုမိုရလာနိုင်သလို ဒေသတွင်းအဆင့်မီသည့် ငှက်သိုက် ဈေးနှုန်းတစ်ခု ရလာမည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်အတွင်း ငှက်သိုက်မွေးမြူနေသူ ကိုပြည့်ဖြိုးဟန်က ထောက်ပြသည်။

ဒေသတွင်း ငှက်သိုက်မွေးမြူရေး လိုင်စင် လုပ်ထားသူများရှိသလို မလုပ်ရ သေးသူများလည်း အများအပြားရှိနေ သည်ဟု ငှက်သိုက်မွေးမြူနေသူများက ပြောသည်။

“ထွက်နှုန်းကိုလျှော့ပြပြီး အခွန် ဆောင်နေသူတွေလည်း ရှိနေကြတယ်” ဟု ကိုပြည့်ဖြိုးဟန်က ပြောပြသည်။

ငှက်သိုက်များကို တရုတ်လူမျိုးများက အများဆုံးစားသုံးကြပြီး လက်ရှိအချိန်တွင် တရားဝင်နည်းလမ်းဖြင့် နိုင်ငံ တကာဈေးကွက်သို့ မထိုးဖောက်နိုင်သေးဘဲရှိရာ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်နိုင်ရန် အစိုးရက ပံ့ပိုးသင့်သည်ဟု ၎င်းက ပြောပြသည်။

လက်ရှိငှက်သိုက်ကုန်ကြမ်း တစ်ပိဿာလျှင် ဒေသပေါက်ဈေး ကျပ်တစ်ဆယ့်သုံးသိန်းမှ တစ်ဆယ့်ငါးသိန်း ဈေးရှိနေပြီး သန့်စင်ပြီးသား ကုန်ချောတစ်ပိဿာသည် ကျပ်သိန်းသုံးဆယ်မှ သိန်းလေးဆယ်အထိ ပေါက်ဈေးရှိကြောင်း ငှက်သိုက်ဈေးကွက်အတွင်း မှသိရသည်။

ကိုဆန်း