“အမေ သူလိမ်နေတယ်” ဆိုသူ ရွေးကောက်ပွဲဝင်မည်

0
987

၀န်ကြီးအနေနှင့် မမှန်ကန်သည့် အချက်အလက်များကို နိုင်ငံတော်၏အတိုင်ပင်ခံထံသို့ တင်ပြနေသည်ဟု ပြောဆိုခဲ့သည့် ဦးခင်မောင်သန်းသည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။

၎င်းသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မြိတ်မြို့သို့ လာရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်အတွင်း လူထုတွေ့ဆုံ ပွဲပြုလုပ်ရာ၌ ရေလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးတစ်ဦးအား မေးခွန်းထုတ်ခဲ့သည်။

အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော

အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ မမှန်ကန်သည့် အချက်အလက်များ ပါဝင်နေသည်ဟုဆိုကာ ယင်းဝန်ကြီးအား လက်ညှိုးထိုး၍ “အမေ သူလိမ်နေတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်အား တိုင်ကြားခဲ့သူ ဖြစ်သည်။

မြိတ်မြို့ခံတစ်ဦးဖြစ်သည့် ၎င်းအနေနှင့် ပြည်သူ့ပါတီ(PP) ကိုယ်စားပြုကာ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် တနင်္သာရီတိုင်း မဲဆန္ဒနယ် အမှတ် ၁၂ မှ ဝင်ရောက်ယှဉ်ပြိင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ဒေသခံကိုယ်စားလှယ်တွေ လုပ်ကိုင် ဆောင်ရွက်နေတာ အားမရလို့ ဝင်ပြိုင်တာ” ဟု ဝင်ပြိုင်မည့် ကာယကံရှင် ဦးခင်မောင်သန်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ချေးငွေလျှောက်သူ သုံးရာကျော်ရှိ၊ ရေလုပ်ငန်းအများဆုံးဖြစ်

ယင်းသို့ပြောဆိုမှုကြောင့် ထိုစဉ်က မီဒီယာများနှင့် လူမှုကွန်ရက်များ၌လည်း ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး ကာတွန်း၊ သတင်းနှင့် ဆောင်းပါးများလည်း ပြန်လည်ရေးသားခဲ့ကြသည်။

အတိုင်ပင်ခံ လာရောက်သည့်အချိန်သည် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ ဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် NLD ပါတီတိုင်း ဥက္ကဋ္ဌတို့အား အဂတိလိုက်စားသည်ဟုဆိုကာ အတိုင်ခံထားရသည့်အချိန်အခါလည်း ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်မြို့ကြီး သုံးခုဖြစ်သည့် မြိတ်၊ ထားဝယ်နှင့် ကော့သောင်းမြို့တို့သို့ လာရောက်ရခြင်း အကြောင်းအရင်းတစ်ခုမှာ တိုင်းအစိုးရအား ဆုံးမရန်ဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံက မြိတ်လူထုနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဒီတုန်းက ပြည်သူတစ်ယောက်အနေနဲ့ မခံစားနိုင်တော့လို့ ပြောခဲ့တာ။ ဝန်ကြီးကို အရှက်ရစေလိုတဲ့ ဆန္ဒမပါဘူး” ဟု ဦးခင်မောင်သန်းက ပြောသည်။

နယ်စပ်ခိုးဝင်သူနှင့် KTV ခိုးဖွင့်သူတို့ကို အစိုးရ တင်း

မြိတ်ဒေသအတွင်း မြေယာ၊ မူးယစ်ဆေး၊ တရားဥပဒေစိုးမိုးမှု၊ အပြည်ပြည် ဆိုင်ရာငါးဈေး၊ ကမ်းနီးရေလုပ်သား၊ ဒီရေတော၊ စသည့်ပြဿနာများစွာ ရှိနေပြီး ငါးနှစ်သက်တမ်းအတွင်း လက်ရှိအစိုးရမှ ဖြေရှင်းနိုင်ခြင်းမရှိခြင်းကြောင့်လည်း ရွေးကောက်ပွဲဝင်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးခင်မောင်သန်းသည် ၁၉၈၈ ခုနှစ်ကစ၍ ယနေ့အချိန်အထိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်ခဲ့ပြီး မြေသိမ်းခံတောင်သူများအရေးတွင်လည်း ကူညီဆောင်ရွက်နေသူ ဖြစ်သည်။

ကိုဆန်း