တနင်္သာရီတိုင်းအတွင်း ကိုဗစ်ချေးငွေလျှောက်သူ သုံးရာကျော်ရှိ၊ ရေလုပ်ငန်းအများဆုံးဖြစ်

0
449

တိုင်းအတွင်းရှိ လုပ်ငန်းအရေအတွက် သုံးရာကျော်မှာ ကိုဗစ်ချေးငွေ လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ် လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်းအမျိုးအစားရှစ်ခုကို ချေးငွေလျှောက်ထားခွင့်ပြုထားခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက်နေ့က စာရင်းပိတ်ခဲ့သည်။

အလယ်တန်းကျောင်းများ ဖွင့်လှစ်ရေး စည်းကမ်းချက်ထပ်တိုး

အဆိုပါလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းရှိသည့် ချေးငွေထုတ်ချေးပြီး ချေးငွေကာလကို တစ်နှစ် သတ်မှတ်ထားကြောင်း သိရသည်။

စုစုပေါင်းလျှောက်လွှာ ၃၅၈ စောင်ရှိပြီး ရေလုပ်ငန်းက ၁၄၇ ဝန်းကျင် ပါဝင်ပြီး အများဆုံးလျှောက်ထားခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

စိုက်ပျိုးရေးလုပ်ငန်းက လျှောက်လွှာ ၉၀ စောင်ရှိပြီး ဒုတိယအများဆုံးဖြစ်သည်။ ချေးငွေလျှောက်လွှာများကို တိုင်း ကုန်သည်/စက်မှုအသင်းနှင့် သက်ဆိုင်ရာဌာနများက လိုအပ်သည့် အချက်အလက် မှန်/မမှန်စိစစ်ပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ထံ ပေးပို့မည် ဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းရှိ လုပ်ငန်းအချို့ ရပ်ဆိုင်းသွားပြီး ပြန်လည်စတင်ရန် အခက်အခဲရှိနေကြကြောင်း တိုင်းကုန်သည်/စက်မှုအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။

ချေးငွေကို ရယူမည့်လုပ်ငန်းများသည် လက်ရှိလည်ပတ်နေသည့် လုပ်ငန်း သို့မဟုတ် ယခင်ငါးလအတွင်းက ယာယီရပ်နားထားသော်လည်း ချေးငွေရရှိပါက ချက်ချင်းပြန်လည်ပတ်နိုင်ရသည့် လုပ်ငန်းဖြစ်ရမည်၊ ၂၀၁၈ ခုနှစ် မတ်လကုန်မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွက်ပြုချက်/ လုပ်ငန်းလိုင်စင်ရရှိထားသည့် လုပ်ငန်းဖြစ်ရမည် အစရှိသည့် သတ်မှတ်ချက်များရှိသည်။

ထို့အပြင် ကိုဗစ်ချေးငွေကို ယခင်က ရယူပြီးလုပ်ငန်းမဖြစ်ရန် လိုအပ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းဆိုပါက မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်း မဟုတ်ဘဲ စီးပွားဖြစ်ဆောင် ရွက်နေသည့် လုပ်ငန်းဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

ပထမအကြိမ် ကိုဗစ်ချေးငွေပေးစဉ်က တိုင်းကုန်သည်/စက်မှုအသင်းထံမှ တစ်ဆင့်လျှောက်လွှာတင်သူ ၇၄ ဦး ရှိသည့်အနက် ၅၄ ဦးမှာ ငွေချေးခွင့် ရရှိခဲ့သည်။