မလွှဲတောင်လမ်းပိုင်း ပျက်စီးမှုစောင့်ကြည့်ရန် ဝန်ထမ်းအရေအတွက် ပိုချထား

0
428

လက်ရှိတွင် မိုးသည်းထန်စွာရွာသွန်းလေ့ရှိသည့်အတွက် မလွှဲတောင်လမ်းပိုင်း ပျက်စီးမှုအခြေအနေအား စောင့်ကြည့်ရန် ဝန်ထမ်းအရေအတွက်ကို ယခင် ထက်ပိုမိုတာဝန်ချထားကြောင်း လမ်းဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ပြောကြားသည်။

ယခင်က မလွှဲတောင်လမ်းပိုင်းတွင် အင်ဂျင်နီယာ သုံးဦးခန့်သာ တာဝန်ချထားရာမှ ယခုနှစ်တွင် ရှစ်ဦးခန့်အထိ တာဝန်ပေးထားခြင်းဖြစ်ပြီး တနင်္သာရီ တိုင်းဘက်ခြမ်းရှိ မလွှဲတောင်တွင် တောင်ပြိုပါက လမ်းပိတ်ဆို့မှုမဖြစ်စေရေးအတွက် ချက်ချင်းလုပ်ဆောင်နိုင်ရန် တာဝန်ချထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လောင်းလုံးရှိ ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးထွက်မှုကို စစ်ဆေးအရေးယူမည် ဟုဆို

ယမန်နှစ်မိုးရာသီက မိုးသည်းထန် စွာရွာသွန်းခြင်းကြောင့် မလွှဲတောင် နေရာအချို့တွင် တောင်ပြိုခြင်း၊ လမ်းသားပြတ်ကျခြင်းတို့ကြောင့် ရက်အနည်းငယ်ကြာ လမ်းကြောင်းပြတ်တောက်သွား ခဲ့သည်။

လမ်းဦးစီးဌာနထံမှ သိရသည့် စာရင်းအရ ယမန်နှစ်က မလွှဲတောင်တွင် နေရာကိုးနေရာထက်မနည်း မြေပြိုမှု ဖြစ်ပွားခဲ့သည်။

အဆိုပါလမ်းပိုင်းကို တာဝန်ယူထားသည့် လမ်းအထူးအဖွဲ့ ၂၃ အနေနှင့်လည်း မြေပြိုပြီးသည့် နေရာများနှင့် မြေပြိုနိုင်သည့် နေရာအချို့တွင် ပြုပြင် တည်ဆောက်မှုများကို ယခုနှစ်အစောပိုင်းက လုပ်ဆောင်ထားသည်။