မဲစာရင်းအမည်မပါသဖြင့် ပြန်လည်လျှောက်ထားသူ မြိတ်ခရိုင်တွင် တစ်သောင်းကျော်ရှိ

0
544

မြိတ်ခရိုင်အတွင်းတွင် မဲစာရင်း အမည်မပါသဖြင့် ပုံစံ ၃ ဖြင့် ပြန်လည် လျှောက်ထားသူဦးရေမှာ တစ်သောင်းကျော်ရှိကြောင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မဲစာရင်းတွင် အမည်မပါက ပုံစံ ၃၊ ကိုယ်ရေးအချက်အလက် မှားယွင်းပါ က ပုံစံ ၄-ဂ နှင့် မပါဝင်သင့်သူ ပါဝင်နေပါက ပုံစံ ၄ တို့ဖြင့် မဲစာရင်းကြေညာပြီး ၁၄ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၄ ရပ်နေ့အထိ စာရင်းအရ မဲစာရင်းအမည်မပါသဖြင့် ပုံစံ ၃ ဖြင့် လျှောက်ထားသူ ၁၀၄၅၃ ဦး၊ ကိုယ်ရေးအချက်အလက် မှားယွင်းနေသဖြင့် ပုံစံ ၄-ဂ ဖြင့်လျှောက်ထားသူ ၆၈၅၂ ဦးနှင့် မပါသင့်သူ ပါနေသဖြင့် ပုံစံ ၄ ဖြင့် ကန့်ကွက်‌လျှောက်ထားသူ ၃၃၄၈ ဦးရှိကြောင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် လ ၂၅ ရက်နေ့မှ သြဂုတ် လ ၁၄ ရက်နေ့အထိ ကြေညာခဲ့ရာတွင် မြိတ်ခရိုင်တွင် မဲပေးခွင့်ရှိသူဦးရေ ငါးသိန်းကျော်ရှိ ကြောင်း သိရသည်။

ယခု ရွေးကောက်ပွဲတွင် မြိတ်ခရိုင်၌ တစ်သီးပုဂ္ဂလနှင့် ပါတီ ၁၀ ခု တို့မှ ကိုယ်စားလှယ်လောင်း ၁၁၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။