တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိ

0
639

မိုးသည်းထန်စွာ အဆက်မပြတ်ရွာ သွန်းမှုကြောင့် တနင်္သာရီမြစ်ရေမှာ တ‌ဖြည်းဖြည်း မြင့်တက်လာနေသဖြင့် သြဂုတ်လ ၆ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း တနင်္သာရီမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ်မှာ ၂၄ ပေ သတ်မှတ်ထားကြောင်း သိရသည်။

လေပြင်းကြောင့် မြိတ်တွင် လူနေအိမ်တစ်ရာခန့် ထိခိုက်ပျက်စီး

တနင်္သာရီမြစ်ရေမှာ သြဂုတ်လ ၃ ရက်နေ့က ၁၁ ပေ ၆ လက်မရှိရာမှ သြဂုတ် ၆ ရက်နေ့ ညနေခြောက်နာရီ အချိန်တွင် စိုးရိမ်နေအမှတ်ဖြစ်သည့် ၁၇ ပေအထိ မြင့်တက်ခဲ့ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

မြစ်ရေ မြင့်တက်မှုနှင့်အတူ မိုးရေနှင့် တောင်ကျရေများကြောင့် မြို့ပေါ် ရပ်ကွက်တချို့ရှိ လမ်းမများပေါ်သို့ ရေလွှမ်းလျက်ရှိရာ ရေထိန်းတံခါးပေါ်မှ မြင်းကောင်ရေ ကိုးဆယ်အားရှိ ရေစုပ်စက်နှစ်လုံးဖြင့် မြစ်အတွင်းသို့ ရေများ စုပ်ထုတ်နေရကြောင်း စည်ပင်ကော်မတီ ဥက္ကဌ ဦးမင်းဝေက ပြောပြသည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

လက်ရှိအချိန်အထိလည်း မြစ်ရေမှာ ထပ်တိုးနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင်လည်း ရေလွှမ်းမိုး လျက်ရှိကြောင်း ပဝကျေးရွာအုပ်စု၊ သာယာကုန်းရွာနေသူတချို့ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် သြဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ်က တနင်္သာရီမြစ်ရေ တက်မှုကြောင့် ရေဘေးသင့်ပြည်သူ နှစ်သောင်းကျော်ရှိခဲ့ပြီး လယ်ဧကထောင်ချီ ရေနစ်မြုပ်ခဲ့ရကာ စာသင်ကျောင်း ၁၇ ကျောင်းလည်း ယာယီပိတ်ခဲ့ရကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)