သထုံတွင် ထိုင်းမှ တရားမဝင် တင်သွင်းလာသည့် ကွမ်းသီးပိဿာ ခုနှစ်သောင်းကျော် ဖမ်းမိ

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒူးရင်း ဆိပ်ကျေးရွာအုပ်စု၊ ဒုံသမိတံတား အနီးတွင် ထိုင်းမှ တရားမဝင် တင်သွင်း လာသည့် ကွမ်းသီး ပိဿာချိန် ၇၄၀၀၀ ခန့် ဖမ်းဆီးရမိထားသည်ဟု သထုံမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ သထုံခရိုင်ရဲတပ်ဖွဲ့ဝင်များက ဇွန်လ ၂၈ ရက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ်...

မွန်ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက် တာအေးဇံအား လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ကိုကိုလွင်အား သထုံမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ် နှစ် ချမှတ်လိုက်သည်။ ဇန်ဝါရီလ ၃ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့သူမြို့သား များ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ သည့်အတွက်...

ဓာတ်ကျသည်ဟုဆိုကာ ခွင့်ပြု ချက်မရှိ ဘုရားတည်နေသည့် ရသေ့အား သတိပေး

လောင်းလုံးမြို့နယ်အတွင်း ခွင့်ပြု ချက်မရှိဘဲ ဘုရားစေတီတည်ခြင်းနှင့် သာသနာရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း စည်းလုံးမှု ပြိုကွဲ စေနိုင်သည့် ဟောပြောလုပ်ဆောင်မှုများ မပြုလုပ်ရန် ရသေ့တစ်ပါးအား ပြီးခဲ့ သည့်အပတ်က ဆရာတော် သံဃာတော် များက ဆုံးမသတိပေးခဲ့ကြောင်း လောင်းလုံး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ ရသေ့သည်...

မွန်ပြည်နယ် လက်ရှိလွှတ်တော်နှင့် လွှတ်တော်သစ် မိတ်ဆက်မည်

လွှတ်တော်သစ်ပြန်မစမီ လက်ရှိ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ     တွေ့ဆုံမိတ်ဆက်ပွဲတစ်ရပ်ကို ဇန်နဝါရီလ ၁၈ရက်တွင် ကျင်းပသွားမည်ကြောင်း ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။ မိတ်ဆက်ပွဲတွင်လွှတ်တော် လုပ်ငန်းများ၊ မွန်ပြည်နယ်လွှတ်တော် ၅နှစ်သက်တမ်းအတွင်း အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေများ လွှတ်တော်နှင့်ပတ်သက်သည့်...

မွန်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ ၂၆၀ ကျော်၊ တစ်ဦးသေဆုံး

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ တဖြည်းဖြည်း များပြားလာပြီး ဇန်နဝါရီလမှ ဇွန်လ ၂ ရက်အထိ စာရင်းအရ ရောဂါဖြစ်ပွားသူ ၂၆၀ ဦးကျော်ရှိကာ သေဆုံးသူ ၁ ဦး ရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဌာနထံမှ သိရသည်။ ပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှု အများဆုံးမှာ မော်လမြိုင်မြို့နယ်ဖြစ်ပြီး...

သံလွင်မြစ်ကူးရေယာဉ်များအား ရေပေါ်တည်းခိုခန်းနှင့် အပျော်စီးသင်္ဘောအဖြစ် သုံးရန်စီစဉ်

သံလွင်တံတား (ချောင်းဆုံ)ပြီးသွား ပါက ပြည် တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာ နခွဲရှိ မြစ်ကူးရေယာဉ်များအား ရေပေါ်တည်းခိုခန်းနှင့် အပျော်စီးသင်္ဘော များအဖြစ်ပြောင်းလဲရန် စီစဉ်နေသည် ဟု မော်လမြိုင်မြို့ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သံလွင်ဌာနခွဲထံမှ သိရသည်။ လက်ရှိတွင် ယင်းဌာနရှိ ရေယာဉ် ၄ စီးအနက်  ၁ စီးကို...

တားမြစ် စားသောက်ကုန်ကိစ္စ ထိထိရောက်ရောက် ပညာပေးသင့်ဟု ရေးမြို့ခံများ ထောက်ပြ

တားမြစ် စားသောက်ကုန်များကိစ္စ ထိထိရောက်ရောက် စစ်ဆေးမှု၊ ပညာ ပေးမှုများ လိုအပ်သည်ဟု ရေးမြို့ခံ များက ပြောသည်။ ယခုလ ၂၉ ရက်နှင့် ၃၀ ရက်များ တွင် မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီ ဦးဆောင် ကာ ရေးမြို့နယ် ထွေ^အုပ် ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊...

တပ်မတော်နှင့် ဖြစ်ပွားနေသည့် ပဋိပက္ခကို JMC-U မှတစ်ဆင့် ဖြေရှင်းမည်ဟု မွန်ပြည်သစ်ပြော

မွန်ပြည်သစ်ပါတီနှင့် တပ်မတော် အကြား လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U မှတစ်ဆင့် ဖြေရှင်းသွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။ မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ...

အပစ်ရပ်ရေး ကေအင်န်ယူနှင့် မွန်ပြည်သစ်ပါတီ သဘောတူ

မွန်ပြည်သစ်ပါတီနှင့် ကေအင်န်ယူ တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှု ထပ်မံ မဖြစ်ပွားစေရေးအတွက် ဇန်နဝါရီလ ၂၅ ရက်တွင် ပြုလုပ်သည့် နှစ်ဖက် ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြားဝင်ညှိနှိုင်းမှုဖြင့် မွန်ပြည်သစ် ပါတီ(ထားဝယ်ခရိုင်) နှင့် တပ်မဟာ ၄ ကေအင်န်ယူ(မြိတ်-ထားဝယ်ခရိုင်) မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ...

မလွှဲတောင်အနီး ကိုးမိုင်ရွာတွင်တိုက်ပွဲဖြစ်၍ ဒေသခံများတိမ်းရှောင်

မလွှဲတောင် ရေးမြို့နယ်အပိုင်းရှိ ကိုးမိုင်ရွာပတ်ဝန်းကျင်တွင် ယနေ့(ဧပြီ၁၂) မနက် ၈ နာရီမှစ၍ နေ့လယ်၂နာရီဝန်းကျင် အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရကြောင်း ဒေသခံများကပြောသည်။ “ ပစ်သံကတော့ကြားရတာ တော်တော်ကျယ်တယ်။ ရွာသားတွေကတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေဦးစားပေးပြီးကိုယ့်အစီအစဥ်နဲ့ကိုယ် ပြောင်းနေကြတာပဲ”...