သံလွင်မြစ်ကူးရေယာဉ်များအား ရေပေါ်တည်းခိုခန်းနှင့် အပျော်စီးသင်္ဘောအဖြစ် သုံးရန်စီစဉ်

0
463

သံလွင်တံတား (ချောင်းဆုံ)ပြီးသွား ပါက ပြည် တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာ နခွဲရှိ မြစ်ကူးရေယာဉ်များအား ရေပေါ်တည်းခိုခန်းနှင့် အပျော်စီးသင်္ဘော များအဖြစ်ပြောင်းလဲရန် စီစဉ်နေသည် ဟု မော်လမြိုင်မြို့ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး သံလွင်ဌာနခွဲထံမှ သိရသည်။


လက်ရှိတွင် ယင်းဌာနရှိ ရေယာဉ် ၄ စီးအနက်  ၁ စီးကို သံလွင်တံတား (ချောင်းဆုံ) စီမံကိန်းသို့ ငှားရမ်းထားပြီး ကျန်၃စီးကို မော်လမြိုင်နှင့် ချောင်းဆုံ (ဘီလူးကျွန်း) သို့ ပြေးဆွဲလျက်ရှိသည်။ ” ထီးလှိုင်ရှင်လိုမျိုး သင်္ဘောကို ကျ တော့ ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်း အလိုက်ပဲ ဖြစ်ဖြစ် ညနေ နေဝင်ချိန်ကို စောင့်ကြည့်တာမျိုး၊ ကရင်ပြည်နယ် ဘက်ကို ရေကြောင်းကနေ ရက်ရှည် ခရီးသွားလာတာမျိုးတွေ စတဲ့ အပျော်စီး သင်္ဘောအဖြစ်နဲ့ စင်းလုံးငှား လုပ်ဆောင် နိုင်ဖို့စီစဉ်နေပါတယ်” ဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည် တွင်းရေကြောင်း ပို့ဆောင်ရေး သံလွင် ဌာနခွဲမှ လက်ထောက်အထွေထွေ မန်နေ ဂျာ ဦးလှဝင်းနိုင်က ပြောသည်။

 
သင်္ဘော အဆင့်မြှင့်တင်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်လည်း ချိတ် ဆက်လုပ်ဆောင်သွားရန် ကြိုးစားနေ သည်ဟု ၎င်းက ဆက်ပြောသည်။သံလွင်တံတား (ချောင်းဆုံ) ပြီးစီး သွားပါက ဌာနလုပ်ငန်းများ ရပ်ဆိုင်း သွားသည့် သဘောမျိုးဖြစ်နိုင်သည့်အတွက် ဌာနရှိ ဝန်ထမ်းများ အခြေမပျက်ရန်နှင့် သံလွင်ဌာနခွဲ မပျောက်သွားရန် ရည် ရွယ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ် သည်ဟု သိရသည်။
တည်ဆောက်လျက်ရှိသည့် သံလွင်တံတား (ချောင်းဆုံ) ပြီးစီးသွား က ယင်းဌာနရေယာဉ်များ သာမက မော်လမြိုင်နှင့် ချောင်းဆုံး    ပြေးဆွဲနေ ကြသည့် လှေ၊သဗ္ပာန်များလည်း လုပ် ငန်းရပ်ဆိုင်းရမည့် အခြေအနေရှိသည်ဟု လှေ၊ သဗ္ပာန်သမားတို့က ပြောသည်။

 
အရှည် ၅၂၀၃ ပေ၊ အကျယ် ၂၈ ပေ ရှိသည့် နှစ်လမ်းသွားသံလွင်တံတား (ချောင်းဆုံ) ကို၂၀၁၇ ခုနှစ် မတ်လခန့် တွင် သွားလာအသုံးပြုနိုင်ရန် တည်ဆောက် လျက်ရှိသည်ဟု တံတားတည်ဆောက် ရေး စီမံကိန်းတာဝန်ခံထံမှ သိရသည်။