မွန်ပြည်သစ်နှင့် KNU ပစ်ခတ်မှု ထပ်မဖြစ်ရေး

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှုထပ်မံမဖြစ်ပွားစေ ရေးအတွက် နှစ်ဘက်ခေါင်းဆောင်တို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းခဲ့သည်ဟု နှစ်ဘက်ခေါင်းဆောင်တို့ထံမှ သိရ သည်။ မွန်ပြည်သစ်နှင့် KNU အောက်ခြေ တပ်ဖွဲ့ဝင်များအကြား ဘုရားသုံးဆူ မြို့နယ် ဗလဲ့ဒွန်ဖိုက်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်ကတစ်ကြိမ်၊ အောက်တိုဘာ...

ပေါင်တွင် ဖယောင်းတိုင်မီးဖြင့် စာကျက်ရာမှ နေအိမ်ခြောက်လုံး မီးလောင်

မွန်ပြည်နယ် ပေါင်မြို့၊ ပေါင်ရပ်ကွက်တွင် ဖယောင်းတိုင်မီးဖြင့် စာကျက် ရာမှ နေအိမ်ခြောက်လုံးမီးလောင်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီခွဲအချိန်ခန့်တွင် နေအိမ် တစ်အိမ်မှ ရှစ်တန်းကျောင်းသူတစ်ဦး ဖယောင်းတိုင်မီးဖြင့် စာကျက်နေစဉ် အိမ်ငိုက်သွားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး...

မော်လမြိုင်တွင် အတ္တရံမြစ်ရေ သန့်စင် ဖြန့်ဝေမည်

အတ်ထရံမွဈရကေို သနျ့စငျပွီး မောျလမွိုငျမွို့ မွောကျပိုငျးတှငျ ဖွနျ့ေ၀ သှားမညျဟု မှနျပွညျနယျအစိုးရအဖှဲ့ စညျပငျသာယာရေးနှငျ့ ဆောကျလုပျရေး ဝနျကွီးက ပွောကွားသညျ။ အတ္ထရံမြစ်ရေသန့်စင်သည့် စီမံကိန်းကို အောက်တိုဘာ ၁၇ ရက်မှ စတင် ဆောင်ရွက်နေပြီး စီမံကိန်း တစ်နှစ်အတွင်း အပြီးလုပ်ဆောင်နိုင်ရန် စီစဉ်ထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့...

ကျိုက်ထီးရိုးဘုရားပွဲကာလအစ နိုင်ငံခြားသားခရီးသွား အဝင်နည်း

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်း ဝင်ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား ပွဲတော်ကာလအစတွင် နိုင်ငံခြားသား ခရီးသွား လာရောက်မှုနည်းပါးသည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ထံမှ သိရသည်။ သီတင်းကျွတ်လပြည့်နေ့ (အောက်တို ဘာလ ၁၃ ရက်နေ့) မှ စတင်ခဲ့သည့် ယခုနှစ် ကျိုက်ထီးရိုးဘုရားပွဲတော်ကာလ အစတွင် ယမန်နှစ်ကထက် နိုင်ငံခြားသား...

မွန်တွင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဖွံ့ ဖြိုးရေး ကျပ်သန်းလေးရာသုံးစွဲမည်

ယခုဘဏ္ဍာနှစ်တွင် တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်နှင့် စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သန်း လေးရာသုံးစွဲရန် မွန်ပြည်နယ် အစိုးရအဖွဲ့က လျာထားသည်။ မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများ အတွက် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်နှင့် စာပေများ ဖွံ့ဖြိုးတိုးတက်ရေး၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်...

မွန်ပြည်သစ်နှင့် KNU နှစ်နေရာ ပစ်ခတ်မှုဖြစ်

မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တို့အကြား အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင် ပစ်ခတ်မှုနှစ်နေရာ ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။ ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက် ကျေးရွာနှင့် ထားဝယ်ခရိုင် ရေးချောင်းဖျား ဒေသရှိ မွန်ပြည်သစ်ပါတီ တပ်စခန်း တို့တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်ဟု...

မလတ်တောင်ပြိုမှုကြောင့် ထိခိုက်နစ်နာသူများကို နေရာချ အိမ်ဆောက်ပေးရန် စီစဉ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုကြောင့် ထိခိုက် နစ်နာသူများအား  နေရာအသစ်တစ်ခုတွင် နေရာချပေးပြီး အိမ်ပါဆောက်ပေးရန် ပြည်နယ်အစိုးရက စီစဉ်နေသည်။ တောင်ပြိုမှုဖြစ်သည့်နေရာမှ ရန်ကုန်သွားသည့်ဘက် သဲဖြူကုန်းကျေးရွာ ဘောလုံးကွင်းမရောက်မီ အောက်ဘက်ခြမ်းရှိ စားကျက်မြေနေရာပေါ်တွင် အောက်တိုဘာလဆန်းမှစကာအကွက် ဖော်လျက်ရှိသည်ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

လူငယ်အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပြည်နယ်အစိုးရ ဘဏ္ဍာငွေမချပေး

မွန်ပြည်နယ်အတွင်းရှိ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာငွေ ချပေးထားခြင်းမရှိသေးကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မွန်ပြည်နယ် လူငယ်ရေးရာကော်မတီကို ၂၀၁၈ ခုနှစ် မတ်လခန့်က ဖွဲ့စည်း အတည်ပြုထားခဲ့သော်လည်း သက်ဆိုင်ရာ...

ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေးမတက်သည့်ကိစ္စ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ သတိပေး

လွှတ်တော်အစည်းအဝေးမတက်ဘဲ ရက်ရှည်ခွင့်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆင်ခြင်သင့်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက သတိပေးလိုက်သည်။ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးသည် အမြဲတမ်း ကျင်းပနေသည့် အစည်းအဝေးမဟုတ်သည့်အတွက် ခွင့်ယူသည့်ကိစ္စနှင့် ပတ်သက်ပြီး ဆင်ခြင်သင့်သည်ဟု ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး အနှစ်ချုပ်အစီအစဉ်တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက...

မွန်တွင် ကိုးလခန့်အတွင်း မူးယစ်ဆေးဝါးအမှု သုံးရာကျော်မိ

မွန်ပြည်နယ်တွင် ကိုးလခန့်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း သုံးရာကျော် ဖမ်းမိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၂၅ ရက်ထိ မူးယစ်ဆေးဝါး အမှုပေါင်း ၃၂၇ မှုဖမ်းမိခဲ့ပြီး ပြစ်မှုကျူး လွန်သည့် အမျိုးသား ၄၈၈...