အမဲလိုက်မထွက်ရန်တားသည့် ဇနီးကို သေနတ်ဖြင့်ပစ်

အမဲလိုက် မထွက်ရန်တားသည့် ဇနီးဖြစ်သူကို အမဲလိုက်သွားရန် ကိုင် ထားသည့် တူမီးသေနတ်ဖြင့် ပစ် ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက် က ကော့သောင်းမြို့နယ် လုံးဖော ကျေးရွာ စိုက်ကွက်အမှတ် (J3 ဇုန်) ယုဇနဆီအုန်းကုမ္ပဏီတွင်...

မလေးရှားသို့ခိုးဝင်ရန် ပွဲစားခ သိန်း ၅၀ပေါက်၊ လမ်းကြောင်းပုံစံလည်းပြောင်းလာ

ထားဝယ်ဒေသမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရာတွင် ပွဲစားကို ပေးရသည့် လမ်းစရိတ်မှာ နှစ်ဆမြင့်တက်လာပြီး သွားရောက်သည့်ပုံစံနှင့် လမ်းကြောင်းများ ပြောင်းလာကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။ ယခင်က ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ မလေးရှားနိုင်ငံအထိ ကားတစ်တန်၊ ခြေလျင်တစ်တန် သွားကြရသည်။

ကော့သောင်းတွင် ရက်ဆက်လောင်ကျွမ်းနေသည့်တောမီး ငြှိမ်းသတ်နိုင်ပြီဟုဆို

ကော့သောင်းမြို့ ၁၁၉၉ တောင်ကုန်းပေါ်တွင် ‌ငါးရက်ဆက်လောင်ကျွမ်းနေသည့် တောမီးအား ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် မီးငြှိမ်းသတ်နိုင်ပြီဖြစ်ကြောင်း မီးသတ်ရာတွင်ပါဝင်သည့် ပရဟိတအသင်းအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၇ ရက်မှစပြီး လောင်ကျွမ်းနေသည့်တောမီးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့...

ထိုင်း ရှပ်ခိုးဆွဲလှေတစ်စီးကို မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိ

ကော့သောင်းမြို့နယ်၊ မြန်မာ့ ရေပိုင်နက်တွင် တရားမဝင် ရှပ်ခိုးဆွဲလှေ တစ်စီးကို မေလ ၂၃ ရက်နေ့ က မြန်မာ့ ရေလုပ်သား ၇ ဦးနှင့်အတူ ဖမ်းမိခဲ့သည် ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရ သည်။ စူငယ်ပါလိုင်းကျေးရွာအနီး ငှက် သိုက်ကျွန်း အနောက်ဘက်တွင် ရှပ်ခိုး...

သင်္ဘောငါးစီး ဆိုက်ကပ်နိုင်မည့် ဆိပ်ခံဘောတံတားစီမံကိန်း ဆိုင်းငံ့

တင်ဒါခေါ်ယူပြီးသည့်အဆင့်အထိ ရောက်နေပြီဖြစ်သော်လည်း ကော့သောင်း တွင် တည်ဆောက်မည့် ဆိပ်ခံဘောတံတား စီမံကိန်းကို လတ်တလောတွင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဒေါ်ရီရီချိုက ပြောသည်။ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ် ရပ်ကွက် တော်ဝင်လမ်းတွင် သင်္ဘော ၅ စီး တစ်ပြိုက်နက်တည်း...

ကော့သောင်းတွင် လင်မယားနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်ထောင်နီးပါး ဖမ်းမိ

ကော့သောင်းမြို့တွင် လင်မယားနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်ထောင်နီးပါး ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အေးရိပ်ငြိမ်ရပ်ကွက်ရှိ နေအိမ်တန်းလျားတွင် မူးယစ်ဆေးသတင်းအရ ဇွန်လ ၂၀ ရက်နေ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ခမောက်ကြီးမြို့ စည်ပင်အမှိုက် စသိမ်းမည်

လူဦးရေတိုးလာခြင်းနှင့်အတူ ချောင်းထဲသို့ စည်းကမ်းမဲ့အမိုက်စွန့် ပစ်မှုများ ရှိလာသည့် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် မြို့စည်ပင်သာ ယာရေးအဖွဲ့က အမှိုက်များကို စတင် သိမ်းဆည်းမည်ဖြစ်ကြောင်း ယင်းအဖွဲ့ ထံမှ သိရသည်။ ယခင်က ခမောက်ကြီးမြို့တွင် စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်း ဆည်းခြင်း မရှိခဲ့သော်လည်း မြို့လူဦးရေ များပြားလာခြင်းကြောင့် လာမည့်ဘဏ္ဍာ ရေးနှစ်မှ...

ကော့သောင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရွေးချယ်မှု ပွင့်လင်းမြင်သာခြင်း မရှိဟုဝေဖန်ခံရ

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြန်လည် ရွေးချယ်ရာတွင် ၎င်းတို့အား ဖိတ်ကြားခြင်း မရှိခဲ့ဘဲ ပွင့်လင်းမြင်သာမှု မရှိကြောင်း နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းများ ဝေဖန်ပြောဆိုလိုက်သည်။ ယခင် ရွေးကောက်ပွဲ မြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူမှာ ကျန်းမာရေး အခြေအနေကြောင့် အနားယူမည်ဖြစ်သဖြင့်...

တပ်မတော်သားများ ရိုက်နှက်သည့်ကိစ္စ ကော့သောင်းခရိုင် ရဲစခန်းတွင် အမှုဖွင့်မည်

ကော့သောင်းခရိုင် ကရသူရိ မြို့နယ်ခွဲ၊  ကျောက်ထနောင် ကျေးရွာသား တစ်ဦး ကို တပ်ရင်း ၅၈၁ မှတပ်မတော်သားများ က ရိုက်နှက်သည့်ကိစ္စ ကော့သောင်းခရိုင် ရဲစခန်းတွင်ကာယကံရှင်ကအမှုဖွင့်မည်ဖြစ်ကြောင်း ယင်းကိစ္စကိုကူညီပေးနေသူများအနက် တစ်ဖွဲ့ဖြစ်သည့် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း (ကော့သောင်း)က ပြောသည်။ယင်းရိုက်နှက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စကခတပ်မ...

မလေးရှားပို့မည့် တရားမဝင်သစ် တန် ၁၆၀ ခန့်ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီးပိုင်နက် ပင်လယ်ပြင်တွင် တစ်ပတ်အတွင်း သစ် တန် ၁၆၀ ခန့် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၅ ရက်န့က ကော့သောင်းမြို့နယ် မြန်မာ့ပင်လယ် ပြင်တွင် ပိတောက်မာ သစ်ခွဲသား တန် ၁၀၀ ခန့် တင်ဆောင်လာသည့် စက်လှေ...