ကော့သောင်းတွင် လင်မယားနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်ထောင်နီးပါး ဖမ်းမိ

0
786

ကော့သောင်းမြို့တွင် လင်မယားနှစ်ဦးထံမှ စိတ်ကြွဆေးပြား တစ်ထောင်နီးပါး ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အေးရိပ်ငြိမ်ရပ်ကွက်ရှိ နေအိမ်တန်းလျားတွင် မူးယစ်ဆေးသတင်းအရ ဇွန်လ ၂၀ ရက်နေ့က ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ဝင်ရှာစဉ် အသက် ၂၉ နှစ် အရွယ်နှင့် ၄၃ နှစ်အရွယ် လင်မယားစုံတွဲကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းအချိန်တွင် ဇနီးဖြစ်သူ၏ ပေါင်အောက်တွင် ပလပ်စတစ်ကပ်ခွာ အိတ်ဖြင့်ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၉၇၅ ပြားကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါ လင်မယားကို သက်ဆိုင်ရာမူးစိတ်ပုဒ်မများဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။