မြန်မာပြည် ပြန်လည်ထူထောင်ရေး ကော့သောင်း လူငယ်များအဖွဲ့က တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်မည်

ကော့သောင်းမြို့ရှိ မြန်မာပြည် ပြန်လည်ထူထောင်ရေး လူငယ်အဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက် ကောက်ကြမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် နေ့က ပထမအကြိမ် စတင်အမှိုက် ကောက်ခဲ့ပြီး လာမည့်ဒီဇင်ဘာ ၆ ရက်တွင် ဒုတိယအကြိမ်အဖြစ် နံနက်၈ နာရီတွင်...

အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ကော့သောင်းမြို့ အ.ထ.က (အေးရိပ်ငြိမ်) ကျောင်းဝင်း ဝန်ထမ်းတန်းလျားတွင် ဒီဇင်ဘာလ ၂ရက် နံနက် ၁ နာရီခန့်က အသက် ၄၁နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းမှ သိရသည်။ သေဆုံးသူမှာ ဆိုင်ကယ်အငှား ယာဉ်မောင်းတစ်ဦးဖြစ်ပြီး အခင်း ဖြစ်ပွားချိန်တွင် ဇနီးနှင့် သားသမီး...

ရွှေလင်းထက်ကားလိုင်းမှ ကားလက်မှတ် ကံစမ်းမဲ အစီအစဉ်စ

ကော့သောင်း - ရန်ကုန် ခရီးစဉ်ကို တိုက်ရိုက်ပြေးဆွဲနေသည့် ရွှေလင်းထက် အဆင်မြင့် ခရီးသည်ယာဉ်လိုင်းမှ ကား လက်မှတ် ကံစမ်းမဲအစီအစဉ်ကို ဒီဇင် ဘာလ ၃ ရက်မှ စတင်ခဲ့သည်ဟု ရွှေ လင်း ထက် ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်း တာဝန်ခံ ကိုသော်တာလင်းက...

ကြံ့ခိုင်ရေး မဲရုံကိုယ်စားလှယ်က NLD မဲရုံ ကိုယ်စားလှယ်အား တရားစွဲ

ကော့သောင်းမြို့တွင် ကြံ့ခိုင်ရေး မဲရုံ ကိုယ်စားလှယ်တစ်ဦးက NLD မဲရုံ ကိုယ် စားလှယ်တစ်ဦးအား မဲဆန္ဒရှင်ကို ခြိမ်းခြောက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့ ကြောင်း သိရသည်။ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်က မြရည်ပုလဲလမ်း၊ ရွှေဇင်ယော်ရပ်ကွက်၊ မဲရုံနယ်မြေအမှတ် ၄၁တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဲလာ ထည့်သည့် အမျိုးသမီး...

မျက်မှန်ပုံးထဲတွင် စိတ်ကြွဆေးပြား ၉၀၀၀ ကျော် ဖမ်းမိ

ကော့သောင်းမြို့နယ်၊ အဏ္ဏဝါ ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် လာရောက် တည်းခိုသည့် အမျိုးသား တစ်ဦးထံမှ မျက်မှန်ပုံးထဲတွင် ထည့်ထားသည့် စိတ်ကြွ ဆေးပြား ၉၀၀၀ ကျော်ကို နိုဝင်ဘာလ ၂၄ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကော့သောင်းမူးယစ်ရဲတပ်ဖွဲ့စိတ်ထံမှ သိရသည်။ အဆိုပါအမျိုးသားသည် ကော့သောင်းမြို့သို့ မျက်မှန်ရောင်းရန် ရောက်နေသူ ဖြစ်ပြီး သတင်းအရ...

ကြက်မောက်ကျွန်း ဝင်ပေါက်ဖွင့်ခြင်းမှာ စာချုပ် စည်းကမ်းအရဖြစ်ပြီး ခရီးသွားလုပ်ငန်းနှင့်မဆိုင်ဟု ပတ္တမြား ရောင်ခြည် ကုမ္ပဏီပြော

ကြက်မောက် ကျွန်းဝင်ပေါက်အဝ အား ဖွင့်လိုက်ခြင်းသည် ခရီးသွား လုပ်ငန်းနှင့် မပတ်သက်ဘဲ စာချုပ် စည်း ကမ်းအရ ဖွင့်လိုက်ခြင်းသာ ဖြစ်ကြောင်း ပတ္တမြား ရောင်ခြည်ကုမ္ပဏီက ပြောဆို လိုက်သည်။ အောက်တိုဘာလက အဆိုပါကျွန်း အဝင်ဝအား ခြံစည်းရိုး ခတ်ပိတ်ထား ခြင်းဖြစ်ပြီး၊ နိုဝင်ဘာ ၂၄ရက်က ခြံစည်း...

စိတ်မူမမှန်ဟု ယူဆရသူတစ်ဦး အိမ်ထဲ ဝင်လာပြီး ဓားဖြင့်ခုတ်

ကော့သောင်းမြို့၊ အောင်သုခရပ် ကွက်၊ တစ်မိုင်သဲတန်း၊ ရွှေဝါထွန်း ၄ လမ်းတွင် စိတ်မူမမှန်သူတစ်ဦးက အိမ်ထဲသို့ ဝင်ကာ ဓားဖြင့် ခုတ်မှုတစ်ခု နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။ နေအိမ်တွင်ရှိနေသည့် မတင် တင် ထွေး...

ကမ်းနီးပရဟိတ မိသားစုအဖွဲ့မှ အမှိုက်ပုံးများ လှူဒါန်းမည်

ကော့သောင်းမြို့ ကမ်းနီးပရဟိတ မိသားစုအဖွဲ့မှ မြို့နယ်အတွက် လိုအပ် သော နေရာများသို့ အမှိုက်ပုံးများ လှူဒါန်းပေးခြင်းအား ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအဖွဲ့သည် အဖွဲ့သားများ လုပ်ငန်းနားသည့် အားလပ်ချိန်များတွင် မြို့ပေါ်ရပ်ကွက်များနှင့် စာသင်ကျောင်း များတွင် အမှိုက်ကောက်လေ့ရှိရာမှ အမှိုက်ပုံးလှူဒါန်းမည့် အစီအစဉ်ကို စတင်လာခြင်းဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၁၈...

ပါးစပ်ပေါက်မှ ဦးခေါင်းနောက်ဖက် ပေါက်ထွက် သေနတ်ဒဏ်ရာဖြင့် လူ တစ်ဦးသေဆုံး

ကော့သောင်းမြို့ ဘန်းကချွန် ကျေး ရွာတွင် နိုဝင်ဘာ ၁၈ ရက်က ရာဘာ ခြံအတွင်း သေနတ်ဒဏ်ရာဖြင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း မြို့မရဲစခန်းမှ သိရ သည်။ သေဆုံးသူမှာ ဦးခေါင်းနောက် ဘက်အထိ သေနတ်ပေါက်ထွက် ဒဏ်ရာ ဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အနီးတွင် တူမီးသေနတ် တစ်လက်ရှိကြောင်း...

ရှေ့ကားကျော်တက်ရာမှ ယာဉ်တိမ်းမှောက်

ကော့သောင်းမြို့ ၁၀ မိုင်ရွာ အလွန် တွင် ရုတ်တရက်ရှေ့ကားအား ကျော် တက်စဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရ သည်။ ဖြစ်ပွားပုံမှာ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ယာဉ် မောင်း...