ရှေ့ကားကျော်တက်ရာမှ ယာဉ်တိမ်းမှောက်

0
433

ကော့သောင်းမြို့ ၁၀ မိုင်ရွာ အလွန် တွင် ရုတ်တရက်ရှေ့ကားအား ကျော် တက်စဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ကြောင်း မြို့မရဲစခန်းမှ သိရ သည်။
ဖြစ်ပွားပုံမှာ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ယာဉ် မောင်း ဦးစံထွေးမောင်းလာသော ဟိုက် ဂျက် အမျိုးအစား ကားသည် ကော့ သောင်းမှ ခမောက်ကြီးမြို့ အလှူပွဲသို့ အသွား မိုင်တိုင်အမှတ် ၂၆၅ မိုင်၊ ၄ ဖာလုံကြား အရောက်တွင် ရှေ့မှသွား နေသည့် ကားအားကျော် တက်စဉ် လမ်း၏ ဝဲဘက်သို့ အရှိန် လွန်ကာ ထိုးကျတိမ်း မှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

kt_bus
“၉ မိုင်ထောင် ကွေ့နားကစပြီး ရှေ့ကားကို ကျော်တက်ဖို့ လမ်းတောင်း ခဲ့ပါတယ်၊ အဲဒီမှောက်တဲ့ နေရာနား ရောက်တော့ ရှေ့ကားနောက်မှာ ပါလာ တဲ့လူတွေက ကျော်တက်ဖို့ လက်ဟန်နဲ့ အချက်ပြတော့ ကျော်တက်နေတုန်း ရှေ့ ကားခေါင်းက ရုတ်တရက် ကွေ့တက် လိုက်သလို မြင်ရတော့ တိုက်မိမှာစိုးလို့ လမ်းဘေး ထိုးချလိုက်ရတာပါ” ဟု ယာဉ် မောင်း ဦးစံထွေးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၁၀ဦးတွင် အမျိုးသမီး ၃ ဦးမှာ ခရိုင် ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ကုသ နေရပြီး၊ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း သိရသည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ / ၃၃၈ အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။