မြန်မာပြည် ပြန်လည်ထူထောင်ရေး ကော့သောင်း လူငယ်များအဖွဲ့က တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်မည်

0
455

ကော့သောင်းမြို့ရှိ မြန်မာပြည် ပြန်လည်ထူထောင်ရေး လူငယ်အဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက် ကောက်ကြမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် နေ့က ပထမအကြိမ် စတင်အမှိုက် ကောက်ခဲ့ပြီး လာမည့်ဒီဇင်ဘာ ၆ ရက်တွင် ဒုတိယအကြိမ်အဖြစ် နံနက်၈ နာရီတွင် အဏ္ဏဝါရပ်ကွက်ရှိ ဗိုလ်ချုပ် မြင်းစီးရုပ်မှ လမ်းဘေးဝဲယာ တစ် လျှောက် စကောက်ပြီး မြို့မဈေးကြီး အထိ အမှိုက်ကောက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

” ကိုယ်ပစ်ချလိုက်တဲ့ အမှိုက်က ကိုယ့်မြို့ကို ညစ်ညမ်းစေတဲ့အတွက် အဲဒါတွေ ပပျောက်အောင် စိတ်တူ ကိုယ်တူလူငယ်တွေစုပြီး အခုလို လုပ်ရ တာပါ” ဟု ယင်းအဖွဲ့ကို ဦးဆောင် သူ တတိယနှစ်အင်္ဂလိပ်စာ အထူးပြု ကျောင်းသူ မအိသီရိလွင်က ပြောပြသည်။
အမှိုက်ကောက်မည့်နေ့တွင် မည်သူ မဆို လာရောက်ပါဝင်နိုင်ပြီး အမှိုက်ညှပ် ရန် မီးညှပ်၊ လက်အိတ်နှင့် အမှိုက်ထည့် ရန်အိတ်များ စီစဉ်ပေးထားမည်ဖြစ် ကြောင်း သိရသည်။

ယင်းအဖွဲ့တွင် လက်ရှိလူအင်အား ၃၀ ကျော်ခန့်ရှိကြောင်း သိရသည်။