ကမ်းနီးပရဟိတ မိသားစုအဖွဲ့မှ အမှိုက်ပုံးများ လှူဒါန်းမည်

0
455

ကော့သောင်းမြို့ ကမ်းနီးပရဟိတ မိသားစုအဖွဲ့မှ မြို့နယ်အတွက် လိုအပ် သော နေရာများသို့ အမှိုက်ပုံးများ လှူဒါန်းပေးခြင်းအား ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ယင်းအဖွဲ့သည် အဖွဲ့သားများ လုပ်ငန်းနားသည့် အားလပ်ချိန်များတွင် မြို့ပေါ်ရပ်ကွက်များနှင့် စာသင်ကျောင်း များတွင် အမှိုက်ကောက်လေ့ရှိရာမှ အမှိုက်ပုံးလှူဒါန်းမည့် အစီအစဉ်ကို စတင်လာခြင်းဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၈ ရက်က ပြည် တော်အေးဘုရားတွင် အမှိုက်ပုံး ၄ ပုံး၊ အထက-၁၊ အထက(ခွဲ) အဏ္ဏဝါ၊ အ.လ.က-ရွှေမင်းဝံကျောင်းတို့တွင် တစ်ကျောင်းလျှင် ၃ ပုံး လှူဒါန်းခဲ့ပြီး နောက်ထပ်လည်း တတ်နိုင်သမျှ လှူ ဒါန်းသွားမည်ဟု အဖွဲ့တွင် အဓိက ဆောင်ရွက်ပေးနေသည့် ကိုမိုးတိမ်က ပြောပြသည်။
“ရေဘေး ပရဟိတက ပြန်လာပြီး နောက်မှာ ယခုလို ကိုယ်မြို့ရွာမှာလည်း အမှိုက်များ ကောက်တာတွေကို လုပ်ရင် ကောင်းမယ်လို့ အတွေးဝင်ပြီး စိတ်တူ ကိုယ်တူမိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး အခု လို လုပ်ဖြစ်ခဲ့ပါတယ်”  ဟု ကိုမိုး တိမ်က ဆိုသည်။
လက်ရှိတွင်အဖွဲ့ဝင် ၂၀ ဦး ပုံမှန် ရှိကြောင်း သိရသည်။