စိတ်မူမမှန်ဟု ယူဆရသူတစ်ဦး အိမ်ထဲ ဝင်လာပြီး ဓားဖြင့်ခုတ်

0
468

ကော့သောင်းမြို့၊ အောင်သုခရပ် ကွက်၊ တစ်မိုင်သဲတန်း၊ ရွှေဝါထွန်း ၄ လမ်းတွင် စိတ်မူမမှန်သူတစ်ဦးက အိမ်ထဲသို့ ဝင်ကာ ဓားဖြင့် ခုတ်မှုတစ်ခု နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

နေအိမ်တွင်ရှိနေသည့် မတင် တင် ထွေး အိမ်ထဲတွင် ထိုင်နေစဉ် တစ် ရပ်ကွက်တည်းနေ ကျော်သူရ(ခ)ဂန်ဒူးက ငါးခုတ်ဓါးမ အားကိုင်ဆောင်၍ လိုက် လံခုတ်ခြင်းဖြစ်ကြောင်း သိရသည်။

” မနက်အစောကြီး ကယ်ကြပါဦး ဆိုပြီး အိမ်အပြင်ဘက်က အသံကြားပြီး ဘေးအိမ်ထဲကို ဂန်ဒူးက ဓားနဲ့ဝင်သွား တာ တွေ့လိုက်တယ်၊ ပြီးတော့ ပြန်ထွက် လာပြီး နင်တို့ပဲ လိုတယ်ပြောပြီး ကျွန်မတို့အိမ်ဘက် ကူးလာပြီး သမီး ထိုင်နေတာကို လိုက်ခုတ်တာပဲ” ဟု မတင်တင်ထွေး၏ မိခင်ဖြစ်သူက ပြော ပြသည်။
ထိုသို့ ဝင်ခုတ်စဉ် အနီးနားတွင် ရှိသော ဦးထွန်းအေး၊ ဦးမျိုးအောင်နှင့် စစ်နိုင်တို့က အပြန်အလှန် တုတ်ဖြင့် ရိုက်ရင်း ၄ ဦးစလုံး ဒဏ်ရာများဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရပြီး နံနက် ၅ နာရီခန့် တွင်ဓားဖြင့်လိုက်လံခုတ်သူ ကျော်သူရ (ခ)ဂန်ဒူး (၂၇)နှစ်မှာ ကော့ သောင်းမြို့ နယ်ပြည်သူ့ဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

မတင်တင်ထွေးနှင့် ကျော်သူရမှာ တစ်စုံတစ်ရာ ရန်ငြိုးရန်စမရှိဘဲ ပြီးခဲ့ သည့် ရက်များကလည်း ပုံမှန်အတိုင်း စကားပြောဆိုနေကြသည်ဟု သိရသည်။
ဓားဖြင့် လိုက်ခုတ်သူသည် အခင်း ဖြစ်ချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိကို အတည်မပြုနိုင်သေးဘဲ ကျော်သူရသည် ယခုကဲ့သို့ မကြာခဏ စိတ်မူမမှန် ဖြစ်တတ်သည်ဟု အနီး ဝန်းကျင်နေသူများက ပြောပြသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဓားဖြင့်ခုတ်သူ ကျော်သူရ၊ တုတ်ဖြင့် ရိုက်သူ ထွန်းအေး၊ စစ်နိုင်၊ မျိုးအောင်တို့ ၄ ဦးအား ကော့သောင်းမြို့မ ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။