ရွှေလင်းထက်ကားလိုင်းမှ ကားလက်မှတ် ကံစမ်းမဲ အစီအစဉ်စ

0
526

ကော့သောင်း – ရန်ကုန် ခရီးစဉ်ကို တိုက်ရိုက်ပြေးဆွဲနေသည့် ရွှေလင်းထက် အဆင်မြင့် ခရီးသည်ယာဉ်လိုင်းမှ ကား လက်မှတ် ကံစမ်းမဲအစီအစဉ်ကို ဒီဇင် ဘာလ ၃ ရက်မှ စတင်ခဲ့သည်ဟု ရွှေ လင်း ထက် ခရီးသည်ပို့ဆောင်ရေး ယာဉ် လိုင်း တာဝန်ခံ ကိုသော်တာလင်းက ပြောသည်။


မြိတ်မြို့မှ ရန်ကုန်မြို့များသို့ သွား မည့် ခရီးသည်များကို ပေါက်မဲ လက်မှတ် တစ်စောင်စီထည့်သွင်း ကံစမ်းစေပြီး မဲ ပေါက်သည်ခရီးသည် သည် မြိတ် – ရန်ကုန် ခရီးစဉ် တစ်ခေါက်ကို အခမဲ့ လိုက်ခွင့် ရမည်ဖြစ်သည်ဟု ကိုသော်တာလင်းက ဆိုသည်။
ယင်းကံစမ်းမဲ အစီအစဉ်ကို ယာဉ် လိုင်း ပြေးဆွဲသည့် ကာလတစ် လျှောက် လုံး ပြုလုပ်သွားမည်ဟု သိရ သည်။
“ကော့သောင်းကနေ မြိတ်ဆွဲနေတဲ့ ကားတွေမှာလည်း သံဃာတော်အတွက် ခုံနံပါတ် ၁နဲ့ ၂ ကို ရာသက်ပန်  လှူ ထားပါတယ်”  ဟု ၎င်းက ဆိုသည်။