ကော့သောင်းဒေသဖွံဖြိုး တိုးတက်ရေးဆွေးနွေးပွဲတွင် အချက်ပေါင်း သုံးရာကျော် ဆွေးနွေး

ဩဂုတ်လ ၃ ရက်နေ့က ကျင်းပ သည့် ဒုတိယအကြိမ် ကော့သောင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး ပွဲတွင် တက်ရောက်လာသူများက အချက်ပေါင်း သုံးရာကျော် ဆွေးနွေး ခဲ့ကြောင်း ကဏ္ဍအလိုက် လုပ်ငန်း ကော်မတီများထံမှ သိရသည်။ ဆွေးနွေးပွဲကို တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်...

ဇနီးက တုတ်ဖြင့် ရိုက်သောကြောင့် ခင်ပွန်းဖြစ်သူသေဆုံး

ဇနီးဖြစ်သူက တုတ်ဖြင့်ရိုက်သော ကြောင့် ခင်ပွန်းဖြစ်သူသေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ချောင်းဝ ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ကော့ သောင်း မြို့မရဲစခန်းထံမှ သိရသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က ခင်ပွန်း ဖြစ်သူအရက်မူးကာ ဇနီးဖြစ်သူအား ခြေထောက်ဖြင့်ကန်၊ ကြွေပန်းကန်ဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ဇနီးဖြစ်သူက ဒေါသထွက်လာပြီး...

တနင်္သာရီတိုင်းတွင် တံတားဖြတ်သန်းခကောက်ခံဂိတ် သုံးခုတိုး

တနင်္သာရီတိုင်းအတွင်း တံတားဖြတ်သန်းခကောက်ခံသည့် ဂိတ်သုံးခုတိုးလာကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနထံမှ သိရသည်။ ယခင်က မြိတ်မြို့အနီးရှိ ကျွဲကူး-ကျောက်ဖျာ တံတားတစ်ခုတွင်သာ ဖြတ်သန်းခကောက်ခံနေရာမှ နိုဝင်ဘာ ၁၅ ရက်နေ့မှစကာ ဖြတ်သန်းခကောက်ခံသည့် တံတား ၃ စင်းတိုးလာခြင်းဖြစ်သည်။

ပုလုံးတုံတုံးတွင် ပယ်လယ်စွန့်ပစ်အမှိုက်မရှိအောင် စည်းရုံးလှုံဆော်မည်

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာနှင့် ကမ်းခြေသန့်ရှင်းသာယာ လှပရေး အသိပညာပေး စုပေါင်းအမှိုက် ကောက်ပွဲကို အောက်တိုဘာ ၆ရက်က ပုလုံးတုံတုံးကျေးရွာတွင် ပြုလုပ်ခဲ့သည်။ ပုလုံးတုံတုံးကျေးရွာတွင် သစ်သား တံတား တစ်ခုနှင့် လှပသည့် ကမ်းခြေ တစ်ခုက ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်အတွက် စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း...

ကော့သောင်းရေပေးဝေရေး စက်တင်ဘာလကုန်ပိုင်း စဖွယ်ရှိ

ပိုက်လိုင်းတပ်ဆင်သည့် လုပ်ငန်း တချို့ ကျန်နေသေးသည့်အတွက် ကော့ သောင်းမြို့ ရေပေးဝေရေးလုပ်ငန်းကို စက်တင်ဘာ လကုန်ပိုင်းမှ စတင်ဖွယ်ရှိ ကြောင်း ကော့သောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးနေမျိုးက ပြောသည်။ ရေသန့်စင်မှုနှင့် ပင်မ ရေပိုက်လိုင်း များ ပြီးစီးပြီဖြစ်သော်လည်း ကုမ္ပဏီက ၂ လက်မ...

အမျိုးသမီးငယ်များပါ ကော်ရှုလာ

နယ်စပ်မြို့တစ်ခုဖြစ်သော ကော့ သောင်းမြို့တွင် ကော်ရှုလေ့ရှိသော ကလေး ငယ်များတွင် အမျိုးသမီးငယ်များပါ ပါဝင်လာကြောင်း ကော့သောင်း ဒေသခံ များထံမှ သိရသည်။ ယခင်ကဆယ်ကျော်သက် ယောက်ျား လေးများသာ ပြုလုပ်လေ့ ရှိသည့် ကော်ရှု ခြင်းကို အရွယ်မရောက် သေးသည့် အမျိုးသမီးများပါ ပြုလုပ်လာ ကြခြင်း ဖြစ်သည်။...

မူးယစ်ဆေး ဝင်ရှာသည့်ကိစ္စ ဥပဒေအတိုင်းမဖြစ်ဟုဆိုကာ ကာယကံရှင် မကျေနပ်

ကော့သောင်းမြို့နယ် ရွှေပြည်စိုး ကျေရွာရှိ ဦးကျော်သူ၏နေအိမ်တွင် မူး ယစ်ဆေး ဝင်ရှာရာတွင် ဥပဒေနှင့်အညီ မဟုတ်ဟုဆိုကာ ကာယကံရှင်က တနင်္သာရီတိုင်း ဝန်ကြီးချုပ်ထံ ဩဂုတ် လ ၂၆ ရက်က တိုင်ကြားခဲ့သည်။ ဦးကျော်သူ(ခ)ဇော်မင်းထိုက်သည် ပြီးခဲ့သည့် နှစ်က ကျင်းပသည့် ရွေး ကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် အတွက်...

အချုပ်သား ထမင်းထုပ်ထဲ ဘိန်းစာမှုန့်ထုပ်ဝှက်ယူလာ

ကော့သောင်းမြို့မ ရဲစခန်း အချုပ် တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးစစ် ဆေးခံနေရသူထံ လာပို့သည့် ထမင်း ထုပ်ထဲတွင် ဘိန်းစာမှုန့် ဝှက်ယူလာမှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။ မေလ ၂၄ ရက်က အချုပ်သား ခင်ပွန်းဖြစ်သူထံ ဇနီးဖြစ်သူက လာပို့ သည့် ဖော့ဘူးဖြင့်ထည့်ထားသည့်...

ဘန်းကချွန်ကျေးရွာတွင် အရက်မူး စကားများရာမှ လူသတ်မှုဖြစ်

ကော့သောင်းမြို့နယ် ၊ ဘန်းကချွန် ကျေးရွာတွင်  ဇန်နဝါရ်ီလ ၅ရက်က သူငယ်ချင်း အချင်းချင်း စကားများ ရန် ဖြစ်ရာမှ လူသတ်သည်အထိ ဖြစ်သွားခဲ့ ရကြောင်း ကော့သောင်းမြို့မ ရဲစခန်း မှ သိရသည်။ အတူ အရက်ထိုင်သောက်နေစဉ် အကြောင်းအရာ တစ်ခုအပေါ် အခြေ တင်စကားများကြပြီး နပန်းလုံး...

ကော့သောင်း ဆိပ်ကမ်းသာလမ်းပေါ်ရှိ ပျံကျဆိုင်တန်းများ ရွှေ့ပြောင်း

ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် ဆိပ်ကမ်းသာလမ်းပေါ်ရှိ ပျံကျဆိုင်တန်း များ ဘုရင့်နောင်ဈေးသို့ မေလ ၁၅ ရက် က နောက်ဆုံးထား ရွှေ့ပြောင်းခဲ့သည်။ အဆိုပါလမ်း ထပ်ပိုးကတ္တရာ ခင်းရန်အတွက် ဘုရင့်နောင်ဈေး ပထမ ထပ်သို့ ယာယီရွှေ့ခိုင်းခြင်းဖြစ်ပြီး၊ ရောင်းချနေသည့် ဆိုင်တန်းများ အခက် ခဲမရှိစေရန် ဆိုင်ပေါင်း...