ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီခြောက်ခု ဝင်ပြိုင်

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီခြောက်ခုရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးထံမှ သိရ သည်။ လျှပ်စစ်တင်ဒါလျှောက်လွှာပိတ် သည့် မတ်လ ၆ ရက် ညနေပိုင်းအထိ ကုမ္ပဏီ ၆ ခုက လျှောက်ထားကြခြင်း ဖြစ်သည်။

နဝမတန်းနှင့် ဒသမတန်းသင်ရိုးအသစ်တွင် ဘာသာတွဲ လေးခုသာ ကျန်

အခြေခံပညာ နဝမတန်းနှင့် ဒသမ တန်း ယခင်သင်ရိုးအဟောင်းတွင် ဘာသာတွဲ ၇ တွဲအထိရှိသော်လည်း သင်ရိုးအသစ်တွင် ဘာသာတွဲ လေးတွဲသာ ကျန်ရှိတော့ကြောင်း အခြေခံပညာ ဦးစီးဌာနက ပို့ချသည့် သင်ရိုးသစ် အကြောင်း သင်တန်းတက်ရောက်ခဲ့သည့် ထားဝယ် အ.ထ.က (၇) မှ...

ကော့ရဲကြီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ကိုင်ရန် စိုင်းပြင်းနေ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်၊ ကော့ရဲကျွန်းတွင် ဟိုတယ်ခရီးသွားလုပ်ကိုင်ရန် Myanmar Life ကုမ္ပဏီက စိုင်းပြင်းနေသည်။ Myanmar Life ကုမ္ပဏီက ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းလုပ်ရန် ဧက ၅၀ လုပ်ကိုင်ခွင့်ကျထားပြီး...

သင်္ကြန်အတာအိုးများ ကော့သောင်းဈေးကွက်တင်ပို့ရန် ခက်ခဲနေ

လှေအခက်အခဲကြောင့် သင်္ကြန် အတာအိုးများ ကော့သောင်းဈေးကွက်သို့ တင်ပို့ရန် အခက်အခဲဖြစ်နေကြောင်း ထားဝယ် အိုးလုပ်ငန်းလုပ်ကိုင်သူများ ထံမှ သိရသည်။ သင်္ကြန်အတာအိုးများကို ကော့ သောင်းဈေးကွက်သို့ မတ်လခန့်တွင် လှေဖြင့် နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ်တွင် လှေအခက်အခဲကြောင့်...

သဲထုတ်ရန် လိုအပ်သဖြင့် အိမ်ခြေ ၃၀ဝ ရှိ ရွာကို ဝန်ကြီးဌာနပိုင်အဖြစ် ဆက်ထား

ကော့သောင်းခရိုင်အတွင်း အိမ် ခြေသုံးရာခန့်ရှိ ကျေးရွာတစ်ရွာကို မှန် ထုတ်လုပ်ရေးအတွက် သဲထုတ်ရန် လိုအပ် သဖြင့် ဝန်ကြီးဌာနပိုင်အဖြစ် ဆက်ထား မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရ ဒုတိယ ဝန်ကြီးတစ်ဦးက ပြောသည်။ အလယ်မာန်ကျေးရွာအုပ်စုရှိ အလယ်...

ဆလုံများအတွက် ကျပ်သိန်းတစ်ထောင် ထောက်ပံ့မည်

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် ကျွန်းများတွင် နေထိုင်သည့် ဆလုံလူမျိုးများအတွက် ယခုနှစ်တွင် ကျပ် သိန်းတစ်ထောင် ထောက်ပံ့သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး စောလုကာက ပြောကြားသည်။ ယင်း ကျပ်သိန်းတစ်ထောင်ကို ဆလုံတို့၏ စားဝတ်နေရေးနှင့်...

ကော့သောင်းတွင် ဆိုင်ကယ်ချင်းတိုက်မိရာမှ စိတ်ကြွဆေးမိ

ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စုတွင် မတ်လ ၄ ရက်က ဆိုင်ကယ်ချင်းတိုက်ရာမှ စိတ်ကြွဆေးပြား လေးရာခန့် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဘန်းကချွန်ကျေးရွာအုပ်စုရှိ ၁၄ မိုင် တံတားအနီးတွင် နံပါတ်မပါသည့်...

ဆန္ဒမဲပေးရမည့် လူသစ်လေးသောင်းဝန်းကျင်ရှိ

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီ တိုင်းအတွင်း ပထမဆုံးအကြိမ် ဆန္ဒမဲ ပေးခွင့်ရမည့် လူငယ်အရေအတွက်မှာ လေးသောင်းဝန်းကျင်ရှိကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (ရွေး/ကော်)ထံမှ သိရသည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်...

ကုန်ပစ္စည်းများတွင် မြန်မာလိုမဖော်ပြက ထောင် ၂ နှစ်အထိ ချတော့မည်

ကုန်ပစ္စည်းများတွင် မြန်မာဘာသာ ဖြင့် မဖော်ပြပါက ထောင်နှစ်နှစ်ချမှတ် တော့မည်ဖြစ်သည်။ ကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများဖြစ်သည့် သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ ဘေးထွက်ဆိုး ကျိုး အစရှိသည့် ကုန်အမှတ်တံဆိပ်သတ်...

လမ်းထိပ်တွင် ထိုင်နေသူထံမှ စိတ်ကြွဆေး ငါးဆယ်ကျော် ဖမ်းမိ

ကော့သောင်းမြို့၊ အောင်သုခ ရပ်ကွက်ရှိ လမ်းထိပ်တွင် ထိုင်နေသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြား ငါးဆယ်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းက အဆိုပါရပ်ကွက်ရှိ အနော်ရထာ...