ကော့ရဲကြီးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ကိုင်ရန် စိုင်းပြင်းနေ

0
539

ကော့သောင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ်၊ ကော့ရဲကျွန်းတွင် ဟိုတယ်ခရီးသွားလုပ်ကိုင်ရန် Myanmar Life ကုမ္ပဏီက စိုင်းပြင်းနေသည်။

Myanmar Life ကုမ္ပဏီက ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းလုပ်ရန် ဧက ၅၀ လုပ်ကိုင်ခွင့်ကျထားပြီး ဖြစ်ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် MIC မှ ရင်းနှီး မြှုပ်နှံခွင့် ပေးသင့်/မသင့် တိုင်းအစိုးရ အဖွဲ့ထံ သဘောထား တောင်းခံလာရာ တိုင်းအစိုးရမှတစ်ဆင့် ခရိုင်သို့ ဆင်းစစ် ရန် ညွှန်ကြားလာသဖြင့် ဖေဖော်ဝါရီ ၂၂ ရက်က ကွင်းဆင်းခဲ့ကြောင်း ဦးနေဦး က ပြောသည်။

ယင်းသို့ကွင်းဆင်းရာတွင် ဒေသခံ များကလည်း ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိသဖြင့် လုပ်ငန်းရင်းနှီးမြှုပ်နှံရန် ထောက်ခံတင်ပြသွားရန်ရှိကြောင်း ဦးနေဦး က ပြောသည်။

“ဒေသခံတွေအတွက်လည်း အလုပ် တွေ ရနိုင်တဲ့လုပ်ငန်းမို့ ထောက်ခံ တင်ပြဖို့ ရှိပါတယ်” ဟု ဦးနေဦးက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ လုပ်ကိုင်ရာတွင် မည်မျှရင်းနှီးမြှုပ်နှံ မည်၊ မည်သည့်လုပ်ငန်းများ ပါဝင်မည် ကိုမူ Myanmar Life ကုမ္ပဏီဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

“ကျွန်မလုပ်ငန်းက စပြီးတော့ စာတင်ထားတုန်းပဲ ရှိသေးတယ်ရှင့်။ လုပ်ငန်းစရင်တော့ ပြောပြပေးမှာပါ။ ကော့ရဲကျွန်း ဟိုတယ်လုပ်ငန်း စပြီ ဆိုတာနဲ့ ဘေးပတ်ဝန်းကျင်းရော၊ ကော့ရဲကျွန်းမှာရှိတဲ့ ဒေသခံပြည်သူရော၊ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံ တွေအတွက်ပါ အားလုံးအကျိုးရှိတဲ့လုပ် ငန်းပါလို့ရှင့်” ဟု Myanmar Life ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက မတ်လ ၆ ရက်တွင် ပြောသည်။

ဒေသခံတို့၏ သဘောထားကို သိနိုင်ရန် ကော့ရဲကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးကို တနင်္သာရီအပတ်စဉ်က ဖုန်းဆက် သော်လည်း ဆက်သွယ်၍ မရပေ။

Dawei Watch