ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီခြောက်ခု ဝင်ပြိုင်

0
999

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီခြောက်ခုရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးထံမှ သိရ သည်။

လျှပ်စစ်တင်ဒါလျှောက်လွှာပိတ် သည့် မတ်လ ၆ ရက် ညနေပိုင်းအထိ ကုမ္ပဏီ ၆ ခုက လျှောက်ထားကြခြင်း ဖြစ်သည်။

တင်ဒါကို တိုင်းအတွင်းရှိကုမ္ပဏီ များအပြင် တိုင်းဒေသကြီးပြင်ပရှိ ကုမ္ပဏီ များလည်း လျှောက်ထားကြကြောင်း တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဦးအောင်သူရက ဆိုသည်။

ကော့သောင်းလျှပ်စစ်ကို ထားဝယ်၊ မြိတ် လျှပ်စစ်တင်ဒါစည်းမျဉ်းနှင့်မတူ ဘဲ အပြောင်းအလဲလုပ်ထားကြောင်း ၎င်းက ပြောသည်။

ထားဝယ်နှင့် မြိတ်လျှပ်စစ်တင်ဒါ ခေါ်ယူစဉ်က ကုမ္ပဏီ၏ Profile (ကုမ္ပဏီအကြောင်း)၊ နည်းပညာ၊ တစ် ယူနစ်ဈေးနှုန်းတို့ကို စုပေါင်းအမှတ်ပေး သည့်စနစ်ဖြင့် ရွေးချယ်ခဲ့သည်။

ကော့သောင်းမြို့နယ် လျှပ်စစ်တင် ဒါတွင်မူ ကုမ္ပဏီ၏ Profile ၊ နည်း ပညာ၊ ဈေးနှုန်းတို့ကို တစ်ဆင့်ချင်း စစ်ဆေးကာ အမှတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးအောင်သူရက ဆိုသည်။

တင်ဒါဖွင့်ဖောက်စစ်ဆေးရာတွင် ကုမ္ပဏီ၏ Profile မအောင်မြင်ပါက နည်းပညာပိုင်းကို ဆက်လက်စစ်ဆေးမည် မဟုတ်ကြောင်း ၎င်းက ပြောဆိုထား သည်။

တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile နှင့် နည်းပညာ စစ်ဆေးအောင် မြင်သည့် ကုမ္ပဏီများကိုသာခေါ်ယူ၍ တစ်ယူနစ်ဈေးနှုန်း ဖွင့်ဖောက်မည်ဖြစ် ကြောင်း ဦးအောင်သူရက ဆိုသည်။

“အမှတ်ပေါင်းချုပ်နဲ့တော့ မလုပ် တော့ဘူး၊ ဈေးနှုန်းဖွင့်တဲ့အချိန်မှာ ဘယ် အရင်းအမြစ်နဲ့ပြိုင်ပြိုင် ဈေးအနည်း ဆုံးကို တန်းပြီး ရွေးချယ်မယ်” ဟု ဦးအောင်သူရက ပြောသည်။

တင်ဒါ ဖွင့်ဖောက်စစ်ဆေးခြင်းကို လာမည့်လတွင်လုပ်ရန် မျှော်မှန်းထား ကြောင်း ၎င်းက ဆိုသည်။

ကော့သောင်းလျှပ်စစ်အတွက် ဒီဇယ် လောင်စာ အသုံးပြုကာ ထုတ်လုပ်မည် ဆိုပါက စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက် ပေါင်း ၉၀ အတွင်းနှင့် အခြားလောင်စာ အရင်းအမြစ်ဖြင့်

ထုတ်လုပ်ပါက ရက် ပေါင်း ၁၈၀ အတွင်း ထုတ်လုပ်ဖြန့်ဖြူး ပေးရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

တင်ဒါအောင်မြင်ထားသည့် လျှပ်စစ် ယူနစ်ဈေးနှုန်းအတိုင်း သုံးလ အထိ ဖြန့်ဖြူးပေးရမည်ဖြစ်ပြီး ယင်းကာလ နောက်ပိုင်းတွင် လောင်စာဈေးနှုန်း၊ ဒေါ်လာငွေလဲလှယ်နှုန်းတို့ အပေါ် မူတည်ကာ တိုင်းအစိုးရအဖွဲ့သဘောတူညီချက်ဖြင့် သုံးလတစ်ကြိမ် ပြင်ဆင် နိုင်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို ပါချန် ကော့သောင်းဒေသလုံးဆိုင်ရာ လျှပ်စစ် ထုတ်လုပ်ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုး ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမီတက် (KDDPC) က လုပ်ကိုင် နေပြီး လျှပ်စစ်တစ်ယူနစ်လျှင် ၄၃၅ကျပ် ကောက်ခံနေသည်ဟု ကော့သောင်း ဒေသခံ အချို့ထံမှ သိရသည်။

ကိုဇော်