အမေရိကန်နှင့် တောင်ကိုရီးယားက တာဝေးဒုံးကျည် ရှစ်စင်းပစ်၍ မြောက်ကိုရီးယားကို တန်ပြန်သတိ‌ပေး

မြောက်ကိုရီးယားက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဒုံးပျံလက်နက်များ ပစ်ခတ်ပြသည်ကို တန်ပြန်သည့် အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့က ကိုရီးယားကျွန်းဆွယ်တွင် တာဝေးဒုံးကျည် ၈ စင်း ပစ်ခတ်ပြခဲ့ကြောင်း သတင်းများက ဆိုသည်။ မြောက်ကိုရီးယားဘက်မှ ရန်စမှုများကို ခိုင်မာစွာ ပြန်လည်တုံ့ပြန်သွားမည်ဟု...

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သြဂုတ်လ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရုရှားကို...

လုံခြုံရေးစိတ်မချရ၍ စမတ်ဖုန်းများတွင် Tik Tok အသုံးပြုခွင့်ပိတ်ရန် လုပ်ဆောင်

လုံခြုံရေးစိတ်မချရသဖြင့် တရုတ်မိုဘိုင်း အပ်ပလီကေးရှင်း Tik Tok အပ်ပလီကေးရှင်းကို Apple နှင့် Google တို့၏ Play Store များမှ ဇူလိုင်လ ၈ ရက်နေ့တွင် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန်ဟု အမေရိကန် ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC)မှ ပြောဆိုလိုက်သည်။ အကယ်၍ ဖြုတ်ချခြင်းမပြုလုပ်နိုင်ခဲ့လျှင်လည်း လုံခြုံရေးအကြောင်းအရင်းများကို ရေးသားကာ...

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch (ဇွန် ၁၈-၂၄) အိန္ဒိယတွင် စစ်မှုထမ်းဥပဒေအသစ်ကို ဆန္ဒပြရင်း လူ...
Ro

မလေးရှားရောက်ပြီဟုဆိုကာ ရိုဟင်ဂျာ ၅၉ ဦးကို ထိုင်းကျွန်းတစ်ခုတွင် စွန့်ပစ်ထား

မလေးရှားရောက်ပြီဟုဆိုပြီး ထိုင်းနိုင်ငံရှိ ကျွန်းတစ်ကျွန်းတွင် ရိုဟင်ဂျာ ၅၉ ဦးကို လာရောက်စွန့်ပစ်ထားသည်ကို ထိုင်းအာဏာပိုင်များက ဇွန်လ ၄ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း Bangkok Post ကသတင်းဖော်ပြသည်။ ရိုဟင်ဂျာ ၅၉ ဦးတွင် အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၃ ဦး နှင့် ကလေး ၅ ဦးတို့ပါဝင်ပြီး ထိုင်း-မလေးရှား နယ်စပ်ရှိ ထိုင်းနိုင်ငံပိုင် ကော့ဒွန်းကျွန်းပေါ်တွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပြီး သတင်းပေးချက်အရ စနေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့ကို အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပါဝင်‌သော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးမည်ဖြစ်ပြီး ၎င်းတို့သည် လူကုန်ကူးခံရခြင်းလည်းဖြစ်နိုင်သည်ဟု ထိုင်းအာဏာပိုင်များက ယူဆနေကြသည်။ ရိုဟင်ဂျာများသည် ယခုလက်ရှိအခြေအနေကို သူတို့ကိုယ်တိုင်နားမလည်ဖြစ်နေပြီး သူတို့ ယင်းကျွန်းတွင် ဘာကြောင့် ဆင်းနေခဲ့သည်ကိုလည်း နားမလည်ဖြစ်နေကြောင်းဆိုသည်ဟု ထိုင်းအာဏာပိုင်များကပြောသည်။ ရိုဟင်ဂျာများကို မေးမြန်းသောအခါ သူတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေဖြင့် လာခြင်းဖြစ်ပြီး မလေးရှားသို့ ဦးတည်သွားရန်ရည်ရွယ်ထားသည်ဟု ဆိုသည်။

သမ္မတဟောင်း ဒိုနယ်ထရမ့် နေအိမ်ကို FBI ဝင်ရှာရခြင်းအကြောင်းရင်း ထွက်ပေါ်

တရားမျှတရေး ကို ထိပါးကျူးကျော်ခြင်းနှင့် ဆိုင်သော သက်သေအထောက်အထားများကို ရှာဖွေရန်အတွက် သမ္မတဟောင်း ဒိုနယ်ထရမ့်၏ ဖလော်ရီဒါနေအိမ်ကို ရှာခြင်းဟု FBI က ဆိုခဲ့သည်ဟု တရားသူကြီးတစ်ဦးက ပြောကြားသည်။ ထိပ်သီလျှို့ဝှက် ဖိုင်များကို အဆိုပါ နေအိမ်ရှိ သတင်းစာများ၊...

ဆေးခြောက်ထုတ်လုပ်ရေးနှင့် တောခွေးဝှေးစေ့ တရုတ်ပို့ရေးအစီအစဉ်ဖြင့် ကင်ညာသမ္မတလောင်းမဲဆွယ်

ကင်ညာ သမ္မတရွေးကောက်ပွဲတွင် ထိပ်သီးသမ္မတလောင်းနှစ်ဦးက ဦးဆောင်နေပြီး တတိယနေရာက လိုက်နေသူသည် တိုင်းပြည်စီးပွါးရေးပြဿနာ ဖြေရှင်းရန်အတွက် ဆေးခြောက်ထုတ်လုပ်ရေးကို မဟာဗျူဟာ ကျကျ ဆောင်ရွက်ရန်နှင့် အာဖရိကတောခွေး ဟိုက်အီးနား များ၏ ဝှေးစေ့ကို နိုင်ငံခြားသို့ တင်ပို့ရန် အစီအစဉ်များ ချပြမဲဆွယ်လျက် ရှိသည်။

အိန္ဒိယ ဘီလီယံနာသူဌေးကြီး ယာဉ်မတော်တဆမှုကြောင့် သေဆုံး

အင်အားကြီး စီးပွါးရေး လုပ်ငန်းစုကြီးဖြစ်သည့် Tata ၏ ဥက္ကဋ္ဌဟောင်းဖြစ်ကာ ဘီလီယံနာသူဌေးကြီး ဖြစ်သည့် ဆိုင်ရပ်စ်မစ်စရီ သည် မွန်ဘိုင်းမြို့ကို လာနေစဉ် ယာဉ်မတော်တဆမှုဖြစ်ပွါးသဖြင့် သေဆုံးသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ ၎င်းလိုက်ပါလာသည့် မာစီဒီးစ်ယာဉ်သည် မြစ်ကူးတံတားကို...

ယူကရိန်းကို စစ်ရေးအသုံးစရိတ် ပေါင် ၁ ဘီလီယံထပ်ပေးမည်ဟု ဗြိတိန်ကတိပြု

ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် ပေါင်ငွေ ၁ ဘီလီယံ ထပ်ဆောင်းပေးအပ်ရန် ဗြိတိန်က ကတိပြုလိုက်ရာ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေစဉ်အတွင်း ဗြိတိန်၏ အကူအညီက နောက်ထပ် ၂ ဆ ဝင်လာမည့် သဘောဖြစ်သည်။ ထပ်မံပေးပို့မည့် ဘဏ္ဍာငွေကြောင့်...

ကွန်မြူနစ်မြို့ပြပြောက်ကျားဟောင်းကြီး ကိုလံဘီယာသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရ

လက်ဝဲဝါဒီ မြို့ပြပြောက်ကျား တိုက်ခိုက်ရေးသမားဟောင်း တစ်ဦးဖြစ်သူ မစ္စတာ ဂူစတာဗိုပီထရိုမှာ ကိုလံဘီယာသမ္မတရွေးကောက်ပွဲတွင်  အနိုင်ရရှိသွားပြီဖြစ်ရာ ပထမဆုံး လက်ဝဲဝါဒီသမ္မတအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ မစ္စတာ ဂူစတာဗိုပီထရိုမှာ မဲအားလုံး၏ ၅၀ဒသမ၅ ရာခိုင်နူန်းရရှိခဲ့ကာ ဆောက်လုပ်ရေး အိမ်ခြံမြေ သန်းကြွယ်သူဌေးကြီးကို...