အမေရိကန်နှင့် တောင်ကိုရီးယားက တာဝေးဒုံးကျည် ရှစ်စင်းပစ်၍ မြောက်ကိုရီးယားကို တန်ပြန်သတိ‌ပေး

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မြောက်ကိုရီးယားက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဒုံးပျံလက်နက်များ ပစ်ခတ်ပြသည်ကို တန်ပြန်သည့် အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့က ကိုရီးယားကျွန်းဆွယ်တွင် တာဝေးဒုံးကျည် ၈ စင်း ပစ်ခတ်ပြခဲ့ကြောင်း သတင်းများက ဆိုသည်။

မြောက်ကိုရီးယားဘက်မှ ရန်စမှုများကို ခိုင်မာစွာ ပြန်လည်တုံ့ပြန်သွားမည်ဟု တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယော က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်တွေနဲ့ ပိုင်ဆိုင်မှုတွေအပေါ် အပ်ရာလေးတောင် မထင်အောင် ကျွန်တော်တို့ သေချာဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောကြားသည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်များသည် ကိုရီးယားကျွန်းဆွယ်၏ ငြိမ်းချမ်းရေးသာမက အာရှအရှေ့မြောက်ပိုင်းနှင့် ကမ္ဘာ့အရေးအတွက်ပါ ခြိမ်းခြောက်မှု ဖြစ်ကြောင်း စစ်ပွဲအမှတ်တရအခမ်းအနားတွင် တောင်ကိုရီးယားသမ္မတက ဆိုသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ပုံမှန် စစ်ရေးပူးတွဲလေ့ကျင့်မှု များ ပြုလုပ်လေ့ရှိရာ မြောက်ကိုရီးယားက ဒေါသထွက်ကာ တုန့်ပြန်လေ့ရှိသည်။

မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းခြေတွင် ဒုံးကျည်များ ပစ်ခတ်ခဲ့အပြီး တနင်္လာနေ့အစောပိုင်းက တောင်ကိုရီးယားဘက်ခြမ်းတွင် မဟာမိတ်နှစ်နိုင်ငံက စစ်သုံးနည်းဗျူဟာဒုံးကျည်များ ပြန်လည်ပစ်ခတ်ပြခဲ့သည်။

အမေရိကန်က ကူညီထားသည့် လက်နက်များဖြင့် စစ်အင်အားကို တောင်ကိုရီးယားက ပြန်လည်ပြသခဲ့ခြင်း ဖြစ်သည်ဟု စစ်ရေးသုံးသပ်သူများက ဆိုသည်။