လျှပ်စစ် မီတာခနှုန်းထား အခြားဒေသများ တန်းတူဖြစ်ရေး အရပ်ဖက်အဖွဲ့များ ဦးစားပေးတောင်းဆို

အခြားတိုင်းဒေသကြီး / ပြည်နယ် များနှင့် လျှပ်စစ်မီတာခ နှုန်းထားတူ ဖြစ်ရေးအတွက် သက်ဆိုင်ရာ တာဝန် ရှိသူများက အလေးထား ဆောင်ရွက် ပေးရန် တနင်္သာရီတိုင်း ဒေသကြီး အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်က တောင်းဆိုလိုက်သည်။ ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်တွင် ကျင်းပခဲ့သည့် တနင်္သာရီ တိုင်းဒေသကြီး...
ပဲ့စင်ကျွန်း

ပဲ့စင်ကျွန်းအပါအဝင် ကျွန်းနှင့် ကမ်းခြေများကို လွယ်လွယ်မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခု တောင်းဆို

ထားဝယ်ခရိုင်အတွင်းရှိ ပဲ့စင်ကျွန်းအပါအဝင် ကျွန်းနှင့် ကမ်းခြေများကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတစ်ယောက်၏ လက်ဝယ်သို့ အလွယ်တကူ လုပ်ပိုင်ခွင့်မပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆ ခုက တောင်းဆိုလိုက်သည်။ ထားဝယ်ဒေသခံရေလုပ်သားများ အဓိက မှီခိုအားထားရာ ပဲ့စင်ကျွန်းအပါအဝင် အခြားကျွန်းနှင့် ကမ်းခြေများကို တိုင်းအစိုးရအနေဖြင့်...

တ.စ.ည ပါတီ ကိုယ်စားလှယ်လောင်း ၃၂ နေရာ ဝင်ပြိုင်မည်

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ တိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်း ၃၂ နေရာ ဝင်ပြိုင် မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရ သည်။ တိုင်းအတွင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈...

ကံပေါက် သစ်တောရုံးလမ်းဆုံအနီး မိုင်းတွေ့၍ စစ်ကောင်စီ လုံခြုံရေးတင်းကျပ်

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ သစ်တောရုံးလမ်းဆုံအနီးတွင် မိုင်းတွေ့သဖြင့် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဖောက်ခွဲရှင်းလင်းနေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့(ဇူလိုင် ၁၅) နံနက် ရှစ်နာရီခန့်က စတင်ကာ လုံခြုံရေးတင်းကျပ်ထားသည်ကို တွေ့ရှိရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ထားဝယ်ဆေးရုံ ငါးထပ်ဆောင်အသစ်တွင် ကလေးနှင့် သားဖွားမီးယပ် လူနာများကို နေရာချမည်

ထားဝယ်ဆေးရုံကြီးတွင် တည်ဆောက်နေသည့် ငါးထပ်ဆောင် ဆောက်လုပ် ပြီးစီးပါက ကလေးနှင့် သားဖွားမီးယပ် လူနာများကို နေရာချထားမည်ဖြစ်ကြောင်း ထားဝယ်ဆေးရုံအုပ်ကြီးက ပြောသည်။ လူနာကုတင် ၂၆၆ လုံး ၀င်ဆံ့သည့် ငါးထပ်အဆောင်၏ ပထမအထပ်နှင့် ဒုတိယအထပ်တွင် သားဖွားမီးယပ်လူနာ များကို နေရာချမည်ဖြစ်ပြီး တတိယအထပ် နှင့်...

ကျောင်းတက်ရက်တိုးလာသဖြင့် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါအချို့ ငွေပိုကောက်ရန်ပြင်

အခြေခံပညာကျောင်းများ၏ ကျောင်းဖွင့်ရက်ကို မတ်လအထိ သတ် မှတ်ခဲ့ခြင်းကြောင့် ကိုယ်ပိုင်ကျောင်းနှင့် ဘော်ဒါကြေးများ တိုးကောက်ရန်ပြင်ဆင် သွားမည်ဖြစ်ကြောင်း ကိုယ်ပိုင်ကျောင်း နှင့် ဘော်ဒါတည်ထောင်သူ အချို့ထံမှ သိရသည်။ ကျောင်းတက်ရက်ပိုများလာသဖြင့် ကျောင်းသူ၊ ကျောင်းသားများ၏ ဝန် ဆောင်မှုစရိတ်များအတွက်...

တိုင်ကြားခံရသည့် KG တန်းဆရာမကို ကျောင်းပြောင်း

ကျူရှင်နားသည့် KG ကျောင်းသားကို အခန်းပြောင်းရန် ပြောဆိုခဲ့သည်ဟုဆိုကာ တိုင်ကြားခံရသည့် ထားဝယ်မြို့ အ.ထ.က ၁ ရှိ KG တန်း အတန်း ပိုင် ဆရာမကို ကျောင်းပြောင်းရွေ့ရန်စက်တင်ဘာလ ၁၉ ရက်က အမိန့်ချလိုက်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ကျူရှင်မသင်ရဟု ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကို...
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်းထမ်းများ ရန်ကုန်သို့ ပို့လိုက်သော်လည်း ကုသရေးအခက်အခဲမရှိနိုင်ဟုဆို

ရန်ကုန်တိုင်းတွင် ကိုဗစ်ရောဂါ ကူးစက်မှုများပြားနေသည်ကို ကူညီရန် တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်းများကို ပို့လိုက်ရသော်လည်း တိုင်းအတွင်း ကုသရေးပိုင်းတွင် အခက်အခဲ မရှိနိုင်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဥက္ကာက ပြောသည်။ တနင်္သာရီတိုင်းမှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၅...

ဘုရားကြီးဝင်းအတွင်း ရေတံခွန်ငယ်နှင့် ကြာကန် သုံးလအပြီး ဆောက်မည်

ထားဝယ်မြို့ရှိ ဘုရားကြီးဝင်းအတွင်း ရေတံခွန်ပုံစံငယ်နှင့် ကြာကန်ကို အချိန်သုံးလအတွင်း အပြီးတည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။ ဘုရားကြီးဝင်းအတွင်းရှိ နဂါးရုံဘုရားအနီး(မဟာဥယျာဉ်တော်အတွင်း) တွင် ယခုလ အလယ်ပိုင်းတွင် ပညာရှင်ဖြင့် စတင်တည်ဆောက်ခဲ့ကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ ဦးထွန်းကြည်က ဆိုသည်။

ထားဝယ်လူမိုက်အဖွဲ့ဖမ်းမိ၊ နောက်တစ်ကြိမ်ဖမ်းမိပါက မည်သူ့မျက်နှာမျှ မထောက်ဟု နယ်/လုံဝန်ကြီးပြော

လူငယ်အများစုဖြင့် ဖွဲ့စည်းထား သည့် ထားဝယ်လူမိုက်အဖွဲ့ဝင်အချို့ကို ဖမ်းမိခဲ့ပြီးနောက် နောက်တစ်ကြိမ်မကျူးလွန်ရန် ခံဝန်ထိုးစေကာ မိဘများထံ ပြန်အပ်ခဲ့သည်။ ထိုကဲ့သို့ဖမ်းမိသည့် အဖွဲ့မှာ Dawei Punk ဟု အမည်ပေးထားပြီး အဖွဲ့ဝင်အများစုမှာ အသက် ၁၈ နှစ်...