တ.စ.ည ပါတီ ကိုယ်စားလှယ်လောင်း ၃၂ နေရာ ဝင်ပြိုင်မည်

0
558

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ တိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်း ၃၂ နေရာ ဝင်ပြိုင် မည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရ သည်။

တိုင်းအတွင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈ နေရာ၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ၈ နေရာ၊ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၁၇ နေရာနှင့် တိုင်းဒေသကြီး မွန်တိုင်း ရင်းသားကိုယ်စားလှယ် ၁ နေရာတို့ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီ ၏တိုင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြား သည်။

” နိုင်မယ်လို့ သေချာတဲ့ နေရာတွေ ကိုပဲဝင်ဖို့ ဆုံးဖြတ်ထားတာပါ ” ဟု ဦးထွန်း လွင်က ပြောသည်။
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဝင်ရောက်မယှဉ်ပြိုင်သည့် မဲဆန္ဒယ် များမှာ ပုလော အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှင့် ကျွန်းစုအမျိုးသားလွှတ် တော် မဲဆန္ဒနယ်တစ်ခု၊ ရေဖြူနှင့် လောင်း လုံး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ နှင့် အချို့မြို့နယ်များရှိ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်များ ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

” ကိုယ်စားလှယ်လောင်း ၃၂ ယောက် ကိုတော့ အပြီးသတ် ရွေးချယ်ထားပြီးပြီ။ အခုအချိန်မှာ ဘယ်သူတွေဆိုတာကို ထုတ် ပြောဖို့ကတော့ စောနေသေးတယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီမှ ကိုယ်စားလှယ်လောင်းများ အတွက် ဝင်ကြေး ၃ သိန်းကျပ်စီကို ပါတီမှ အကုန်ကျခံယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။