ကံပေါက် သစ်တောရုံးလမ်းဆုံအနီး မိုင်းတွေ့၍ စစ်ကောင်စီ လုံခြုံရေးတင်းကျပ်

0
2229

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ သစ်တောရုံးလမ်းဆုံအနီးတွင် မိုင်းတွေ့သဖြင့် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဖောက်ခွဲရှင်းလင်းနေကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့(ဇူလိုင် ၁၅) နံနက် ရှစ်နာရီခန့်က စတင်ကာ လုံခြုံရေးတင်းကျပ်ထားသည်ကို တွေ့ရှိရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

“အဝင်အထွက်ပိတ်ထားတယ် မနက်ကတည်းကပဲ ဝင်မရဘူး”ဟု ၎င်းကပြောသည်။

ယနေ့နေ့လယ် ၁နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်က မိုင်းတစ်လုံးဖောက်ခွဲရှင်းလင်းပြီးကြောင်း ဒေသခံများထံမှာသိရသည်။

ကံပေါက်ရွာကို မနက် ရှစ်နာရီဝန်းကျင်ခန့်မှစပြီး အဝင်အထွက်ပိတ်ထားပြီး ယခုအချိန် (နေ့လယ် ၂ နာရီဝန်းကျင်)အထိ သွားလာခွင့်မပြုသေးပေ။

ယင်းကြောင့် ခရီးသည်များနှင့် ဒေသခံပြည်သူများ ကံကော်တောင်ရွာအနီးတွင် ၆ နာရီ‌ ကျော်ကြာအထိ စောင့်ဆိုင်းနေရကြောင်း သိရသည်။