ထားဝယ်ကမ်းနားလမ်း စီမံကိန်း ၂၀၁၈ စမည်

ထားဝယ်မြစ်ကမ်းနဖူးတစ်လျှောက်ရှိဆိပ်ကမ်းသာလမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို၂၀၁၈ခုနှစ်အတွင်းစတင်နိုင်မည်ဖြစ်ကြောင်းတိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးကြည်လှိုင်ကပြောကြားသည်။စီမံကိန်းအားအပိုင်းလိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီးဆိပ်ကမ်းသာလမ်းမြောင်းပုလဲချောင်းတံတားမှကမ်းနားဈေး(အာဇာနည်လမ်းထောင့်)အထိပေ၁၄၀ဝအား၂၀၁၈ခုနှစ်အတွင်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းဦးကြည်လှိုင်ကပြောသည်။ "ယာယီပုံကြမ်းတော့ရှိပြီပေါ့၊မြိတ်(ကမ်းနားလမ်း)ပုံစံမျိုးပဲပေါ့။၂၀၁၈ထဲမှာတော့ဖြစ်(လုပ်ငန်းစတင်)နိုင်မယ်"ဟုဝန်ကြီးဦးကြည်လှိုင်ကပြောသည်။လက်ရှိတွင်တိုင်းစည်ပင်မှလုပ်ငန်းစီမံချက်အစီရင်ခံစာရေးဆွဲနေကြောင်းဝန်ကြီးကပြောသည်။စီမံကိန်းတွင်လက်ရှိဆိပ်ကမ်းသာလမ်း(၁၈ပေအကျယ်)အား၃၆ပေအကျယ်ကွန်ကရစ်လမ်းအဖြစ်တိုးချဲ့ခြင်း၊မြစ်ကမ်းကျောက်စီနံရံတည်ဆောက်ခြင်း၊ကမ်းနဖူးလက်ရန်းနှင့်၆ပေအကျယ်လူသွားပလက်ဖောင်းတည်ဆောက်ခြင်းတို့ပါဝင်ရန်လျာထားရေးဆွဲကာတိုင်းအစိုးရအဖွဲ့သို့တင်ပြထားကြောင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးကပြောသည်။ ကမ်းနဖူးနှင့်လူသွားပလက်ဖောင်း၊ဆိပ်ကမ်းသာလမ်းကြားကွက်လပ်မြေနေရာအားအပြောင်ရှင်းမြေဖို့ကာအများပြည်သူနှင့်သက်ဆိုင်သောနေရာအဖြစ်ချန်ထားနိုင်ရေးလျာထားကြောင်းညွှန်ကြားရေးမှူးကပြောသည်။ယင်းဆိပ်ကမ်းသာလမ်းဖွံ့ဖြိုးမှုရေရှည်တည်တံ့ရေးအတွက်စီမံကိန်းအားကျွမ်းကျင်အင်ဂျင်နီယာတို့၏ဒီဇိုင်းဖြင့်ပြုလုပ်သင့်ကြောင်းထားဝယ်မြို့မြို့မိမြို့ဖတစ်ဦးဖြစ်သူဦးထွန်းကြည်ကပြောသည်။ "ရည်ရွယ်ချက်ကောင်းတယ်၊တဖြည်းဖြည်းလုပ်သွားမယ့်သဘောပေါ့၊အဓိကကတော့ဒီဇိုင်းကောင်းဖို့လိုတယ်၊ပြီးရင်ကျူစီQuality Control)အတိုင်းမှန်မှန်ကန်ကန်လုပ်ဖို့လိုတယ်"ဟုဦးထွန်းကြည်ကပြောသည်။

လာမည့်နှစ် ဘဏ္ဍာနှစ် စတင် ပြောင်းလဲသတ်မှတ်မည်

လာမည့်နှစ်မှစတင်ကာအစိုးရကကျင့်သုံးသောဘဏ္ဍာရေးနှစ်ကာလအပိုင်းအခြားပြောင်းလဲသတ်မှတ်တော့မည်ဖြစ်ကြောင်းတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထံမှသိရသည်။လက်ရှိတွင်ဧပြီလ၁ရက်နေ့မှမတ်လကုန်အထိကိုဘဏ္ဍာနှစ်အဖြစ်သတ်မှတ်ထားသည်။နောင်လာမည့်ဘဏ္ဍာနှစ်ကိုအောက်တိုဘာလမှစက်တင်ဘာလအထိသတ်မှတ်တော့မည်ဖြစ်ကြောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးကဆိုသည်။ယင်းကဲ့သို့ဘဏ္ဍာရေးနှစ်အချိန်ကိုပြောင်းလဲသတ်မှတ်နိုင်ရန်ယခုနှစ်တွင်ဧပြီလ၁ရက်နေ့မှစက်တင်ဘာလကုန်အထိအချိန်၆လကိုကြားကာလဘဏ္ဍာရေးနှစ်အဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်းတိုင်းအစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးဦးသိန်းအောင်ကပြောသည်။ "ဒီကာလမှာမဖြစ်မနေလုပ်ရမယ့်လုပ်ငန်းကလွဲလို့ငွေလုံးငွေရင်းနဲ့အဆောက်အအုံကြီးတွေကိုခွင့်မပြုတော့ဘူး"ဟုဦးသိန်းအောင်ကဆိုသည်။ယင်းကာလကုန်ဆုံးပါကဘဏ္ဍာရေးနှစ်အချိန်ကိုပုံမှန်အတိုင်း၁၂လသတ်မှတ်သွားမည်ပြီးအောက်တိုဘာလမှစက်တင်ဘာလအထိပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။ယင်းကဲ့သို့ဘတ်ဂျက်နှစ်၏အချိန်ကိုပြောင်းလဲသတ်မှတ်လိုက်သည့်အတွက်ပွင့်လင်းရာသီအတွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက်အချိန်ပိုရကာအရှိန်အဟုန်ဖြင့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမောင်မောင်ဇင်ကဆိုသည်။ "ဖွံဖြိုးရေးလုပ်ငန်းတွေမှာအကျိုးသက်ရောက်မှုရှိသွားမှာပေါ့"ဦးမောင်မောင်ဇင်ကပြောသည်။ဘဏ္ဍာရေးနှစ်အချိန်ကိုပြောင်းနိုင်ရန်ကြားကာလအတွင်းအချိန်၆လရှိဘဏ္ဍာရေးနှစ်တစ်ခုသတ်မှတ်သွားမည်ဖြစ်သည်။အစိုးရသစ်လက်ထက်တွင်ဘဏ္ဍာရေးနှစ်ကာလအပိုင်းအခြားသတ်မှတ်ပုံကိုပြည်ထောင်စုအစိုးရအဖွဲ့ကပြောင်းလဲခဲ့ခြင်းဖြစ်သည်။

မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းရေး စပြင်

တိုင်းအတွင်း မြို့နယ် ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းနိုင်ရန် စတင် ပြင်ဆင်သည့်အနေဖြင့် ရှင်းလင်းပွဲ တစ်ခုကို ထားဝယ်မြို့၊ တိုင်းအားကစား ကွင်း အစည်းအဝေးခန်းမတွင် ဇန်နဝါ ရီလ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်း အား/ကာ ညွှန်ကြားရေးမှူး...

သဘာဝတရားကို ထိတွေ့ခံစားခြင်း အစီအစဉ် ထားဝယ်တွင် ပြုလုပ်မည်

ထားဝယ်မြို့အနီးတစ်ဝိုက် ဒေသ များတွင် သဘာဝတရားကို ထိတွေ့ ခံစားခြင်း အစီအစဉ်တစ်ခု လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ၅ ရက်ကြာ ပြုလုပ် မည်ဖြစ်ကြောင်း WWF Myanmar ရုံးထံမှ သိရသည်။ အစီအစဉ်တွင် ရေဝေရေလဲ...

အဝေးပြေးကွင်း ဝင်ကြေး တစ်ကြိမ်ပေးပြီး တစ်နေ့လုံး ဝင်ခွင့်ရရန် ယာဉ်မောင်း အများစုလိုလား

ထားဝယ်အဝေးပြေးကွင်း ဝင်ကြေး ကို တစ်ကြိမ်ပေးဆောင်ပြီးပါက တစ်နေ့ လုံး ဝင်ထွက်ခွင့်ရရန် ပုံမှန်ဝင်ထွက် နေသော အငှားယာဉ်မောင်း အများစုက လိုလားလျက်ရှိသည်။ လက်ရှိအချိန်တွင် အဝေးပြေးကွင်း ဝင်ကြေးကို ဝင်သည့်အခေါက်တိုင်း ပေး ဆောင်နေရသည့်အတွက် တွက်ခြေမ ကိုက်ဖြစ်ကာ ခရီးသည်များထံမှ ကွင်း ဝင်ကြေးပေးရန် ပိုမိုတောင်းယူနေရကြောင်း ထားဝယ်မြို့...

လောင်းလုံးဆေးရုံတွင် ဆရာဝန်တစ်ဦး ကြိုးဆွဲချသတ်သေ

လောင်းလုံးမြို့နယ်ဆေးရုံဧရိယာအတွင်း လက်ထောက်ဆရာဝန်အမျိုး သားတစ်ဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့ကြောင်း ယင်းဆေးရုံတာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မွေးလူနာတစ်ဦးအား မွေးဖွားပေးပြီးနောက် တစ်နာရီကျော်ခန့် အကြာတွင် ၎င်းနေထိုင်သည့် အဆောင် တွင် ဆွဲကြိုးချ သတ်သေခဲ့ခြင်းဖြစ်ကြောင်း ယင်းဆေးရုံမှ...

သီတဂူတွင် အထွေထွေရောဂါ အခမဲ့ ခွဲစိတ်ကုသပေးမည်

ထားဝယ်မြို့ရှိ သီတဂူ အာရောဂျ ဒါန ဆေးရုံတော်တွင် အထွေထွေရောဂါ ဝေဒနာရှင်များအား ဇန်နဝါရီလ ၁၈ ရက်မှ ၂၂ ရက်အထိ အခမဲ့ ခွဲစိတ် ကုသ ပေးသွားမည်ဖြစ်ကြောင်း သီတဂူ အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ စမ်းသပ်ခွဲစိတ်ပေးမည့်ရောဂါများ မှာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အဖု အကျိတ်...

ဥပဒေနှင့်အညီ ကြက်ပြန်မွေးရန် အစိုးရ ထုတ်ပြန်

ထားဝယ်တွင် အပြင်းစားကြက်ငှက် တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွားခဲ့ပြီး နောက် ကြက်များ ပြန်လည်မွေးမြူ လိုပါက ဥပဒေနှင့်အညီ မွေးမြူရမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့က ထုတ်ပြန်ကြေညာ လိုက်သည်။ ကြက်မွေးမြူသူများအနေဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး...

သက်ငယ်မုဒိမ်းဖြစ်ပွားမှု ယခင်နှစ်ထက် တစ်ဆကျော် ပိုများ

တနင်္သာရီတိုင်းအတွင်း အသက် ငယ်မုဒိမ်း ဖြစ်ပွားမှုအရေအတွက် ယမန်နှစ်ထက် တစ်ဆကျော် ပိုများ လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် သက်ငယ်မုဒိမ်းကြောင့် အရေးယူသည့် အမှု အရေအတွက် ၁၆ မှုသာရှိရာမှ ယခုနှစ် ဒီဇင်ဘာလ ၂၀ ရက်အထိ အမှု...

ထားဝယ်တက္ကသိုလ် သိမ်းဆည်းမြေ လျော်ကြေးစပေး

ထားဝယ်တက္ကသိုလ် တည်ဆောက် ရေး စီမံကိန်းအတွက် သိမ်းယူထားသော ဥယျာဉ်ခြံမြေများအတွက် မြေနှင့်သီးနှံ လျော်ကြေးများကို ခြံပိုင်ရှင် ၁၂ ဦးအား စတင် ပေးအပ်သွားမည်ဟု လောင်းလုံး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားသည်။ နစ်နာကြေးနှင့် လျော်ကြေး အကျိုး ခံစားခွင့်ရှိသော တောင်သူ ၇၉ ဦးစာရင်း ကို...