သီတဂူတွင် အထွေထွေရောဂါ အခမဲ့ ခွဲစိတ်ကုသပေးမည်

0
477

ထားဝယ်မြို့ရှိ သီတဂူ အာရောဂျ ဒါန ဆေးရုံတော်တွင် အထွေထွေရောဂါ ဝေဒနာရှင်များအား ဇန်နဝါရီလ ၁၈ ရက်မှ ၂၂ ရက်အထိ အခမဲ့ ခွဲစိတ် ကုသ ပေးသွားမည်ဖြစ်ကြောင်း သီတဂူ အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

စမ်းသပ်ခွဲစိတ်ပေးမည့်ရောဂါများ မှာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ အဖု အကျိတ် အလုံးများ၊ လည်ပင်းကြီး၊ အူကျ၊ မုတ်၊ လိပ်ခေါင်း၊ အူအတက်၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှလုံး၊ ဆီး ချို၊ သွေးတိုး၊ ကျောက်ကပ် ရောဂါ များ၊ မီးယပ်သားဖွား ရောဂါများနှင့် အမျိုးသမီးရောဂါများ ဖြစ်သည်။
စစ်ကိုင်း သီတဂူ ဇီဝိတဒါန ဆေး ရုံအုပ်ကြီး၊ ဒေါက်တာခင်မောင်ဇော်၊ ခွဲစိတ်သမားတော်ကြီး ဒေါက်တာ မြသိန်းဟန်အဖွဲ့နှင့် အမေရိကန်နိုင်ငံ Aloha Medical Mission အဖွဲ့မှ ခွဲစိတ်သမားတော်ကြီးများ ဦးဆောင် သော ၁၇ ဦးပါအဖွဲ့တို့က ထားဝယ်မြို့ ရှိ အထူးကုဆရာဝန်များနှင့် ပူးပေါင်း ကာ စမ်းသပ်ခွဲစိတ်ပေးမည်ဟု သိရ သည်။

ရောဂါများကို ခွဲစိတ်ကုသရန် ဇန်နဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ကြိုတင် စမ်းသပ်မှုများ ပြုလုပ်ပေးသွား မည်ဖြစ်ပြီး အထွေထွေ ဝေဒနာရှင်များ အနေဖြင့် ဘုမ္မော်ရပ် ကျန်းမာရေးလမ်း၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊ သီတဂူ အာရောဂျဒါန ဆေးရုံတွင် ကြိုတင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။
ဘာသာ လူမျိုးမရွေး လာရောက် ကုသနိုင်ပြီး ယခုအကြိမ် အခမဲ့ ကုသမှု သည် ထားဝယ်မြို့ သီတဂူ အာရော ဂျဒါန ဆေးရုံတော်၏ ၁၃ ကြိမ်မြောက် ကျန်းမာရေးအလှူ ဖြစ်ကြောင်း အကျိုး ဆောင်များထံမှ သိရသည်။