ကော့သောင်းအငူ ကမ်းနားပတ် လမ်းတစ်လျှောက် အရက်ဘီယာ ဝိုင်းဖွဲ့ မသောက်ရန် စည်ပင်မေတ္တာရပ်ခ

0
482

ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက် ကမ်းနားအငူပတ်လမ်းတစ်လျှောက်ရှိအများပြည်သူ အနားယူအပန်းဖြေရန် ပြုလုပ်ထားသည့် ထီးအမိုးအောက်နှင့် ပလက်ဖောင်းတွင် အရက်ဘီယာ ဝိုင်း ဖွဲ့ သောက်ခြင်း၊ အိပ်စက်ခြင်းများ မပြုလုပ်ကြရန် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့က မေတ္တာရပ်ခံသည်။
လမ်းနံဘေးအရက်ဝိုင်းဖွဲ့ သောက် ခြင်းနှင့် အိပ်စက်ခြင်းများက ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ အတွက် အမြင်မတော်ဖြစ်စေနိုင်ခြင်းကြောင့် ယင်းသို့ မေတ္တာရပ်ခံ ရခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှု ဆောင်အရာရှိ ဦးဘဂွမ်က ပြောသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က အဏ္ဏ ဝါရပ်ကွက် ကမ်းနားအငူ ပတ်လမ်းတစ် လျှောက်တွင် ဆိုင်းဘုတ်များစိုက်ထူကာ မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။
“အများပြည်သူစိတ်အနှောင့်အ ယှက်ဖြစ်မယ့် အရာတွေ မလုပ်ကြ ဖို့တော့ ဆိုင်းဘုတ်တွေနဲ့ အသိပေး တားမြစ်ထားတာ လောက်ပါပဲ”ဟု ဦးဘဂွမ်က ဆိုသည်။

သို့သော် စည်ပင်သာယာရေး အဖွဲ့အနေဖြင့် အထက်ပါအပြုအမူများ လုပ်ဆောင်သူများကို ဖမ်းဆီးအရေးယူ ပိုင်ခွင့်မရှိကြောင်း ၎င်းက ဆိုသည်။
လမ်းနံဘေး အရက်၊ ဘီယာ ဝိုင်းဖွဲ့ သောက်စားမှုများကို အရေးယူ နိုင်ရန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဒေသန္တရအမိန့် ထုတ်ပြန်ထားမှသာ အရေးယူခွင့်ရှိကြောင်း ကော့သောင်းမြို့ မရဲစခန်းမှ ရဲအုပ်တစ်ဦးက ပြောသည်။

“အရက်ဘီယာဝိုင်းဖွဲ့သောက်နေလို့အမြင်မတော်ရင် ပြည်သူက ရဲကို အကြောင်းကြားလို့ ရပါတယ် ၊ သွား ပြီးရှင်းပေးတာ ဆုံးမပေးတာ လောက် တော့ လုပ်လို့ရတယ် အရေး ယူတာမျိုး တော့ လုပ်လို့မရဘူး” ဟု ၎င်းက ဆိုသည်။
ထားဝယ်နှင့်မြိတ်မြို့တို့တွင် လမ်း နံဘေးနှင့် အများပြည်သူအပန်းဖြေနေရာ များတွင်အရက်ဝိုင်းဖွဲ့သောက်စားသူ များကို တွေ့ပါက အရေးယူမည်ဖြစ် ကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့များကထုတ်ပြန်ထားသည်။