ရှင်ဓာတ်ဝဲစေတီ မူလပုံစံမပျက် ပြုပြင်ရန် နိုင်ငံတော်သံဃမဟာနာယက ညွှန်ကြား

ထားဝယ်ဒေသရှိ ရှင်ကိုးရှင်သမိုင်း ဝင် ရှင်ဓာတ်ဝဲစေတီတော်ကို ငုံကာအ သစ်တည်ဆောက်နေမှုအပေါ် မူလအ တိုင်း ပုံစံမပျက်ပြုပြင်သွားရန် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့က ညွှန် ကြားလိုက်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး သာသနာရေးဦးစီးမှူးရုံးထံမှ သိရ သည်။ ပြီးခဲ့သည့်လက ကျင်းပခဲ့သော နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးတွင်...

စည်ပင်ဈေးရှိ ဆိုင်ခန်းများတွင် အခွန်အကြွေးကျန် အများဆုံးဟုဆို

တိုင်းအတွင်း စည်ပင်သာယာရေး ဈေးများရှိ ဆိုင်ခန်းများတွင် အခွန် ကြွေးကျန်မှု အများဆုံးဖြစ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။ စည်ပင်ဈေးများရှိ ဆိုင်ခန်းများကို ငှားရမ်းရောင်းချသူများက အပြောင်း အလဲရှိသည့်အတွက် ယင်းကဲ့သို့ အခွန် ကြွေးကျန်များ များနေရခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ရဲထွန်းက ဆိုသည်။ ယင်းကဲ့သို့...

တနင်္သာရီတွင်ကိုးလအတွင်း ကုမ္ပဏီ ခုနစ်ဆယ်နီးပါး မှတ်ပုံတင်

တနင်္သာရီတိုင်းတွင် ကိုးလတာ ကာလအတွင်း မှတ်ပုံတင်သည့်ကုမ္ပဏီပေါင်း ခုနစ်ဆယ်နီးပါးရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။ တိုင်းအတွင်း ပြီးခဲ့သည့် ဧပြီလမှ ဒီဇင်ဘာလလယ်အထိ ကုမ္ပဏီပေါင်း ၆၉ ခု လာရောက်မှတ်ပုံတင်ကြပြီး အ များစုမှာ ဆောက်လုပ်ရေးလုပ်ကိုင်မည့် ကုမ္ပဏီများဖြစ်ကြောင်း(DICA)...

လမ်းဘေးပလက်ဖောင်းပေါ်တွင် မီးတိုင်၊ ဖုန်းတိုင်များ စိုက်ထူမှု ဝေဖန်မှုမြင့်

ထားဝယ်မြို့အတွင်းရှိ နေရာ အချို့တွင် လမ်းဘေးပလက်ဖောင်းပေါ် လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များ စိုက် ထူနေမှုအပေါ် ပြည်သူများအကြား ဝေဖန်မှု မြင့်တက်လျက်ရှိသည်။ လမ်းဘေးပလက်ဖောင်းပေါ်တွင် တိုင်များ စိုက်ထူထားသည့်အတွက် လမ်းလျှောက်သူများအနေဖြင့် လမ်း မပေါ် ဆင်းလျှောက် နေရသောကြောင့် ယာဉ်တိုက်ခံရနိုင်ပြီး တာဝန်ရှိသူများ အနေဖြင့် ကြီးကြပ်မှု အားနည်းနေသည် ဟုမြင်ကြောင်း...

ကံပေါက်တွင် လျှပ်စစ်မဂ္ဂါဝပ် တစ်ထောင်ကျော်ထုတ်မည့် စီမံကိန်း ခြေလှမ်းပြင်

ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် လျှပ်စစ်မဂ္ဂါဝပ် တစ်ထောင်ကျော် ထုတ် လုပ်မည့် စီမံကိန်းနှင့် ပတ်သက်၍ တိုင်း အစိုးရကို လာရောက်ရှင်းလင်း တင်ပြခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။ တိုတယ်ကုမ္ပဏီနှင့် အခြားကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း၍ သဘာဝ ဓာတ်ငွေ့ (LNG)ဖြင့်...

NNER ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အစိုးရထံ တင်ပြသွားမည်

ထားဝယ်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့်NNER ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် ဆွေးနွေးချက်များကို အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ဥက္ကဋ္ဌက ပြောကြားသည်။ ဒီဇင်ဘာလ ၁၅ရက်နှင့် ၁၆ ရက် တို့တွင် ကျင်းပပြုလုပ်သည့် NNER ဆွေးနွေးပွဲတွင် စုစည်းပြီး ထွက်ရှိလာ သည့်...

နည်းပညာ တက္ကသိုလ်၏ တစ်နှစ်တာအစီအစဉ် ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ ပူးပေါင်း ရေးဆွဲ

ထားဝယ် နည်းပညာတက္ကသိုလ်တွင် ယခုနှစ်အတွက် တစ်နှစ်အတွင်း လ အလိုက် ပြုလုပ်မည့် တက္ကသိုလ် ဖွံ့ဖြိုး ရေးလှုပ်ရှားမှု အစီအစဉ်များကို ယင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့မှ ဆရာ ဆရာမများက ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် ပူးပေါင်းရေးဆွဲခဲ့ကြောင်း ကျောင်း...

ဟိုတယ်အခန်း လိုအပ်ချက် ထားဝယ်ခရိုင်တွင် အများဆုံး

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် သုံးခုအနက် ထားဝယ်ခရိုင်တွင် ဟို တယ်အခန်း လိုအပ်ချက် အများဆုံးဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီး ဌာနထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် ပြည်တွင်း ခရီးသွားများ လာရောက်မှု များပြား သည့်အတွက် ဟိုတယ်အခန်း လိုအပ် ချက် အများဆုံးဖြစ်နေပြီး...

စက်ပျက်ပြီး မျောနေသည့်လှေကို သွားကူညီရာက တရားမဝင် ဒီဇယ် ဂါလံ တစ်သောင်းခန့်ဖမ်းမိ

ထားဝယ်ခရိုင် ဟိဇ္ဇဲဘုတ်ကျွန်း အနောက်ဘက်ရှိ ပင်လယ်ပြင်တွင် စက်ပျက်ပြီးမျောနေသည့် သွားရောက် ကူညီရာမှ တရားမဝင်ဒီဇယ်ဂါလံ တစ်သောင်းခန့်ကို နိုဝင်ဘာလ ၂၆ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဟိန္ဇဲဘုတ်ကျွန်း အနောက်ဘက် ၁၄၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် စက်ပျက်၍ မျောနေသော လှေတစ်စီးကို...

ထားဝယ် ကြက်မွေးမြူရေးဇုန် အစီအစဉ် အချိန်ဆိုင်းပေးရန် မွေးမြူရေးသမားများ လိုလား

ထားဝယ်ခရိုင်အတွင်းရှိ ကြက်မွေး မြူ ရေးလုပ်ငန်းများကို ပကာရီရွာ အနီးတွင် အကောင်အထည်ဖော်မည့် မွေးမြူရေးဇုန်သို့ ပြောင်းရွေ့မွေးမြူရန် စီစဉ်နေမှုအပေါ် အချိန်ကာလတစ်ခု ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။ ကြက်ငှက်တုပ်ကွေးဖြစ်ပွားရာတွင် ဆုံးရှုံးမှုများခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံ ရန် ငွေကြေးအခက်အခဲဖြစ်နေကြသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် နေရာပြောင်းရွေ့ပြီး မွေးမြူရန်...