ထားဝယ်လေထု အရည်အသွေး ပုံမှန်အတိုင်းရှိမြဲ

တနင်္သာရီတိုင်း သဘာ၀ပတ်ဝန်းကျင် ထိမ်းသိန်းရေး ဦးစီးဌာနမှ လေထုအရည်အသွေး တစ်လတစ်ကြိမ် တိုင်းတာချက်အရ ထားဝယ်လေထုအတွင်း လူနှင့် အခြားသက်ရှိ၊ သက်မဲ့များကို ထိခိုက်စေနိုင်သည်အထိ ဓာတ်ငွေ့များ ရှိမနေဘဲ ပုံမှန်အတိုင်းရှိနေကြောင်း သိရသည်။ လေထုအရည်အသွေးကို နယူး ဇီလန်နှင့်...

လယ်မြေပေါ်ဆောက်ထားသည့် နေအိမ် ငါးဆယ်နီးပါး ဖျက်ရမည်

ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက် (စောမိညိုလယ်ကွင်း)ရှိ လယ်ယာမြေ ပေါ် မြေဖို့ထားခြင်း၊ အိမ်ဆောက်ခြင်း ပြုထားသူ ငါးဆယ်နီးပါးကို ၁၅ ရက် အတွင်း ပြန်ဖျက်ရန် ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဖေဖော်ဝါရီ လ ၄ ရက်က ညွှန်ကြားလိုက်သည်။

အမှိုက်ခွဲပစ်သည့် ပစ္စည်းအပါအဝင် နည်းပညာထုတ်ကုန် သုံးဆယ်နီးပါး ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ပြသ

ထားဝယ်ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပသည့် နည်းပညာထုတ်ကုန်ပြပွဲတွင် အမှိုက်ခွဲခြားပစ်သည့် ထုတ်ကုန်ပစ္စည်း အပါအဝင် ထုတ်ကုန်၂၇ မျိုးကို ယင်းတက္ကသိုလ်ကျောင်းသားများက ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ရက်တာ ခင်းကျင်း ပြသခဲ့သည်။ ရော်ဘာစက်ရုံများတွင်...

ကျောက်နီမော်ရွာ ငါးအမှုန့် ကြိတ်စက် အနံ့ဆိုးကိစ္စ ထပ်တင်ပြမည်

လောင်းလုံးမြို့နယ် ကျောက်နီမော် ကျေးရွာရှိ ငါးအမှုန့်ကြိတ်စက်မှ အနံ့ဆိုး ထွက်နေသည့်ကိစ္စကို မခံနိုင်သည့် အတွက် စာဖြင့်တင်ပြရန် ပြင်ဆင်နေ ကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ ယင်းစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုး က ကျောက်နီမော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာအထိ ပျံ့နှံ့နေ ကြောင်း ကျောက်နီမော်ရွာ...

စာသင်ခန်းအတွင်း အတန်းပိုင်ဆရာ စားပွဲတွင် စိတ်ကြွဆေးပြား လေးဆယ်ကျော် ဖမ်းမိ

ရေဖြူမြို့နယ်၊ ဖားချောင်းအင်းရွာရှိ အလယ်တန်းကျောင်းခွဲတွင် စာသင်ခန်း အတွင်းရှိ အတန်းပိုင်ဆရာ၏ စားပွဲ အံဆွဲအတွင်းမှ စိတ်ကြွဆေးပြား လေး ဆယ်ကျော်ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။ အထက်ပါကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ဖေဖော်ဝါရီလ ၁၀ ရက် က စာသင်ခန်းများကို လိုက်လံစစ်ဆေးစဉ်...

ဆရာမအား ကတ်ကြေးထောက် လုယက်သွားသူက ပစ္စည်းအချို့ ပြန်ပေးမည်ဟု စာပြန်ပို့

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာ အထက်တန်းကျောင်း(ခွဲ) ယာယီကျောင်း အုပ်ဆရာမအား ကတ်ကြေးဖြင့်ထောက်ကာ ပိုက်ဆံအိတ်လုယူသွားသူက ပစ္စည်းအချို့ကို ပြန်ပို့ပေးမည်ဟု ဖုန်းဖြင့် Massage(စာတို) ပေးပို့အကြောင်းကြားလာကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောသည်။ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ သုံးနာရီခွဲခန့်တွင် ကျောင်းဆင်းပြီး အိမ်ပြန်သည့် ယာယီကျောင်းအုပ်ဆရာမကို ခန့်မှန်း...

တနင်္သာရီတိုင်းတွင် ကလေးတီဘီ ရောဂါဖြစ်ပွားသူ ခြောက်ရာကျော်

တနင်္သာရီတိုင်းတွင် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် တီဘီရောဂါဖြစ်ပွားသည့် အသက် ၁၅ နှစ်အောက် ကလေး ဦးရေခြောက်ရာကျော်ရှိကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် ၁၂၃ ဦး၊ မြိတ် ခရိုင်တွင် ၄၀၀ ဦး၊ ကော့သောင်းခရိုင်တွင် ၈၁ ဦး စုစုပေါင်း ၆၀၄...

ကွန်ပျူတာပညာရှင်များ အသင်း ဖွဲ့စည်း

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (တနင်္သာရီတိုင်း) အလုပ်အမှုဆောင်အဖွဲ့ကို တိုင်းအတွင်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်း ၁၆ ဦး ဖြင့် ဇန်နဝါရီလ ၂၉ ရက်က ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)တွင် ဖွဲ့စည်းလိုက် ကြောင်း ယင်းအသင်းထံမှ သိရသည်။ အဆိုပါအသင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ထားဝယ်မြို့မှ ဦးချမ်းမြေ့၊ ဒုတိယ...

တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှု လျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်

တနင်္သာရီဂျာနယ်က ပြင်ဆင်မှု လျှောက်ထားသည့် မဲဆွယ်အပြုံး သရော်စာအမှုကို တိုင်းဒေသကြီးတရား လွှတ်တော်က ဖေဖော်ဝါရီလ ၁၄ ရက် တွင် ပလပ်သည့် အမိန့်ချလိုက်သည်။ တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီ တိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ...

တရားမဝင်ခဲသတ္တု ၁၆ တန်ကျော် ဖမ်းမိ

သံဖြူဇရပ်မြို့သို့ ပို့ဆောင်မည့် တရားမဝင်ခဲသတ္တု ၁၆ တန်ကျော်ကို ရေး-ထားဝယ်လမ်းမပေါ်ရှိ ဇီးကျတိုးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရေဖြူမြို့နယ်ရှိ ဇီးကျတိုးဂိတ်တွင် ဖေဖော်ဝါရီလ ၄ ရက် ည ၈နာရီခွဲခန့်က သတင်းအရ စောင့်ဆိုင်းနေရာ ထားဝယ်မြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင် လာသည့် ၁၂...