စာသင်ခန်းအတွင်း အတန်းပိုင်ဆရာ စားပွဲတွင် စိတ်ကြွဆေးပြား လေးဆယ်ကျော် ဖမ်းမိ

0
2468

ရေဖြူမြို့နယ်၊ ဖားချောင်းအင်းရွာရှိ အလယ်တန်းကျောင်းခွဲတွင် စာသင်ခန်း အတွင်းရှိ အတန်းပိုင်ဆရာ၏ စားပွဲ အံဆွဲအတွင်းမှ စိတ်ကြွဆေးပြား လေး ဆယ်ကျော်ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။

အထက်ပါကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက ဖေဖော်ဝါရီလ ၁၀ ရက် က စာသင်ခန်းများကို လိုက်လံစစ်ဆေးစဉ် တတိယတန်းအခန်းတွင် အသက် ၂၉ နှစ်အရွယ်အတန်းပိုင်ဆရာ၏ စားပွဲခုံ အောက်တွင် ဝါးပြောင်းနှင့် ခဲပြားများ တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့တွေ့ရှိမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများကို အကြောင်း ကြားပြီး အဆိုပါ စာသင်ခန်းအတွင်း ရှာဖွေရာ စားပွဲအောက်အံဆွဲအတွင်းမှ WY စိတ်ကြွဆေး ၄၃ ပြားဖမ်းမိခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

လက်ရှိတွင် အဆိုပါ ကျောင်းဆရာ မှာ တိမ်းရှောင်နေကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အတန်း ပိုင်ဆရာဖြစ်သူအား သက်ဆိုင်ရာ မူးစိတ်ပုဒ်မဖြင့် ကံပေါက်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch