အမှိုက်ခွဲပစ်သည့် ပစ္စည်းအပါအဝင် နည်းပညာထုတ်ကုန် သုံးဆယ်နီးပါး ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ပြသ

0
511

ထားဝယ်ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပသည့် နည်းပညာထုတ်ကုန်ပြပွဲတွင် အမှိုက်ခွဲခြားပစ်သည့် ထုတ်ကုန်ပစ္စည်း အပါအဝင် ထုတ်ကုန်၂၇ မျိုးကို ယင်းတက္ကသိုလ်ကျောင်းသားများက ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ရက်တာ ခင်းကျင်း ပြသခဲ့သည်။

ရော်ဘာစက်ရုံများတွင် အသုံးပြုရမည့် Inventory Management System၊ ဒေသတွင်း ခရီးသွားလုပ်ငန်း များတွင် အသုံးဝင်သည့် ravel with me ၊ ကျောင်းများတွင် အသုံးဝင်သည့် Student Management System for Private School စသည့် ဝက်ဘ်fဆိုက် ခြောက်ခုကို ပြသခဲ့သည်။

ယင်းအပြင် ထားဝယ်ဒေသအတွင်း ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရဲစခန်းများ စသည်တို့ကို အလွယ်တကူ သွားလာ ဆက်သွယ်နိုင်မည့် Dawei Directory၊ ကလေးများ ဖုန်းဖြင့် ဆော့ကစားသည့် ဂိမ်းတစ်ခုဖြစ်သော Game World for Kidsစသည့် Android APP ဆယ်မျိုး ကိုလည်း ပြသခဲ့သည်။

နောက်တစ်ခုမှာ အမှိုက်ပုံးတစ်လုံး တည်းကို အမှိုက်စွန့်ပစ်ပါက အလို အလျောက် အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား ပေးသည့်စနစ် ပါဝင်သည့် Smart Recycle Bin ၊ သဘာ၀ဘေးအန္တရာယ် ကျရောက်နေသည့် နေရာများတွင် အသုံး ပြုသည့် ရှာဖွေ ကယ်ဆယ်ရေး စက်ရုပ် Rescue Aid Robot in Natural Disasters စသည့် Hardware နည်းပညာ ၁၁ မျိုးကိုလည်း ပြသ ခဲ့သည်။

ယင်းနည်းပညာ ထုတ်ကုန်များ အနက် Inventory Management System၊ Game World for Kids၊ Rescue Aid Robot in Natural Disasters ထုတ်ကုန်တို့က ပထမဆုရရှိ ခဲ့ပြီး၊ Dawei Directory၊ Smart Recycle Binထုတ်ကုန်နှစ်ခုက ပရိသတ် အနှစ်သက်ဆုံးဆုကို ရရှိခဲ့သည်။

ကျော်သူစိုး