ကိုရိုနာ ဂယက်အပေါ် ကျေးရွာများ၏ တုံ့ပြန်မှု

တနင်္သာရီတိုင်းရှိ ခရိုင်အဆင့် မြို့များတွင် ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ရေး အတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း များက နည်းလမ်းအမျိုးမျိုးဖြင့် ဆောင် ရွက်နေကြသလို ထားဝယ်ခရိုင်ရှိ ကျေးရွာ တို့ကလည်း ကိုယ့်နည်း၊ ကိုယ့်ဟန် နည်းလမ်းများဖြင့် တုံ့ပြန်ဆောင်ရွက် နေကြသည်။

ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေများ တစ်လကျော် ပိတ်မည်

ကမ္ဘာအနှံ့ ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် ထားဝယ်ခရိုင် အတွင်းရှိ လူအသွားအလာများသော ကမ်းခြေများကို မတ်လ ၂၇ ရက်မှ စ၍ ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။

နွေရာသီ အားလပ်ရက်ကိစ္စ ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂ မကျေနပ်

ယခုနှစ် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပေးသော နွေရာသီအားလပ်ရက် ကိစ္စကို မကျေနပ်သဖြင့် ယင်းကိစ္စအား နိုင်ငံတော် မူဝါဒနှင့်အညီ ပြင်ဆင်သတ် မှတ်ပေးရန် ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂက မတ်လ ၂၈ ရက်က ကြေညာချက်ထုတ်ပြန် လိုက်သည်။

မင်္ဂလာဆောင်၊ အလှူ၊ ဘာသာရေးအခမ်းအနားများ လုံး၀မလုပ်ရ၊ ဥပဒေအရ စတင်အရေးယူမည်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီး ရေးနိုင်ရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေးအခမ်းအနားများ လုံး၀မလုပ်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က ညွှန်ကြားလိုက်သည်။ ထိုညွှန်ကြားချက်ကို မလိုက်နာပါ က ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေးဥပဒေဖြင့်...

ရေထွက်ပစ္စည်း ဈေးနှုန်းကျဆင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရေထွက်ပစ္စည်းဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ ဖြစ်သည့် မောတောင်နှင့် ထီးခီးနယ်စပ်ဂိတ် ဝင်ပေါက်ထွက်ပေါက်များကို ပိတ်လိုက် သဖြင့် ကော့သောင်း-ရနောင်းလမ်းမှ လှေဖြင့်ဝင်ကာ ထိုင်းဘက်သို့...

တနင်္သာရီတိုင်းအတွင်း လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့

တနင်္သာရီတိုင်းအတွင်းတွင် မတ် လ ၂၈ ရက်က ဆေးရုံသို့ တင်ပို့ထား သော လူနာအသစ်နှစ်ဦး ကိုရိုနာရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ သိရှိနိုင်ရန် ဓာတ်ခွဲ နမူနာကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင်...

ထားဝယ် လေဆိပ်၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးတွင် ယနေ့ည ဆေးဖြန်းမည်

ထားဝယ်မြို့ရှိ လေယာဉ်ကွင်း၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးဝင်းအတွင်းတွင် မတ်လ ၂၅ ရက်(ယနေ့ညဦးပိုင်း) တွင် ကလိုရင်း ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း COVID-19 ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ ထားဝယ်လေဆိပ်တွင် ည ၆...

ကိုရိုနာကို တုံ့ပြန်ရန် ပြင်ဆင်ခြင်း

မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါပိုး ကူးစက်ခံရသော လူနာမတွေ့ရသေး ကြောင်း အစိုးရက ထုတ်ပြန်ထားသော် လည်း ထားဝယ်ဒေသရှိ အဖွဲ့အစည်းများက ရောဂါပိုးရှိ လူနာတွေ့ရှိပါက တုံ့ပြန်ဆောင် ရွက်ရန် နည်းလမ်းများ ပြင်ဆင်လျက်ရှိ သည်။ အချို့အဖွဲ့များကလည်း ကြိုတင် ကာကွယ်ရေး လုပ်ဆောင်လျက် ရှိသည်။...