ထားဝယ် လေဆိပ်၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးတွင် ယနေ့ည ဆေးဖြန်းမည်

0
333

ထားဝယ်မြို့ရှိ လေယာဉ်ကွင်း၊ အဝေးပြေးကွင်းနှင့် ဘုရားကြီးဝင်းအတွင်းတွင် မတ်လ ၂၅ ရက်(ယနေ့ညဦးပိုင်း) တွင် ကလိုရင်း ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း COVID-19 ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

ထားဝယ်လေဆိပ်တွင် ည ၆ နာရီဝန်းကျင်တွင်လည်းကောင်း၊ အဝေးပြေးကွင်းတွင် ည ၇ နာရီဝန်းကျင်တွင်လည်းကောင်း ဖြန်းမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

ထားဝယ်မြို့ပေါ်ရှိ ရွှေတောင်စားစေတီ ဘုရားကြီးဝင်းအတွင်းတွင် ည ၉ နာရီခွဲခန့်တွင် ပိုးသတ်ဆေးဖြန်းမည်ဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာသယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။

“နာရေးအဖွဲ့တွေ ဇမ္ဗူသီရိအဖွဲ့အပါအဝင် ကွန်&က်အတွင်းမှာရှိနေတဲ့အဖွဲ့တွေက တာဝန်ယူပြီး ခွဲပြီးဖြန်းကြမယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်မြို့ပေါ်ရှိ မင်္ဂလာဈေး၊ စည်ပင်သာယာဈေးကြီး၊ ကမ်းနားဈေးတို့တွင် ပိုးသတ်ဆေးဖြန်းရန် သက်ဆိုင်ရာ ဈေးကော်မတီများနှင့် ယနေ့ညနေပိုင်းတွင် ဆွေးနွေးရန်ရှိကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။