သင်္ကြန်ကာလ ရေမကစားရန် အမိန့်ထုတ်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် သင်္ကြန်ကာလအတွင်း မည်သည့်ရေပက်ကစားခြင်းကိုမျှ မပြုလုပ်ရဟု ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ ၁၀ ရက်နေ့တွင် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်အဆုတ်ရောင်ရောဂါဖြစ်ပွားနေသဖြင့် အဆိုပါ...

မေတ္တာတံတား ညဘက်ဖြတ်သန်းခွင့် ပိတ်

ထားဝယ်ဒေသမှ ထိုင်းနယ်စပ်သို့ သွားရောက်ရာလမ်းမပေါ်ရှိ အဓိက တံတားတစ်စင်းဖြစ်သော မေတ္တာတံတားကို ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ ညဘက်ဖြတ်သန်းခွင့်မပြုတော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ အဆိုပါတံတားကို ညနေ ၆ နာရီမှ...

ကိုရိုနာရောဂါဂယက်ကြောင့် တိုင်းအစိုးရရုံး ဝင်ခွင့် ကန့်သတ်

ကိုရိုနာရောဂါပိုးဂယက်ကြေင့် တိုင်းအစိုးရရုံးအတွင်း ဝင်ခွင့်ကိုကန့်သတ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ မတ်လ ၃၀ ရက်မှစကာ ပြည်သူများအား တိုင်းအစိုးရဖွဲ့ရုံးအတွင်းဝန်ကြီးများနှင့် တွေ့ဆုံမှုကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကန့်သတ်ခြင်းကို...

ထားဝယ်တက္ကသိုလ်ရှိ စောင့်ကြည့်စခန်း လူ ၄၀ဝ အတွက် အသင့်ပြင်ထား ဟုဆို

နေရပ်ပြန်သူ ၄၀ဝ ဦးအထိ အဆင်သင့်စောင့်ကြည့်စခန်းချနိုင်ရန် ထားဝယ်တက္ကသိုလ်တွင် အဆင်သင့်ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းကပြောသည်။ လက်ရှိတွင် လူဦးရေ ၁၂၀ အတွက် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ရာ ခင်းနှင့် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများဖြစ်သည့်...

ထားဝယ်ခရိုင်အတွင်း ဧပြီ ၁ မှစ၍ ဆိုင်ထိုင်ခွင့်မပြုတော့ ပါဆယ်သာ ရမည်

ထားဝယ်ခရိုင်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသည့်စနစ်ဖြင့် ရောင်းချပါကအရေးယူမည်ဖြစ်ကြောင်း ခရိုင် Covid-19 ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်သည်။ အဆိုပါဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းချရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်က သက်ဆိုင်ရာမြို့နယ်များကို...

ကိုဗစ်ဂယက်ကြောင့် ဆံသလုပ်ငန်း ဝင်ငွေ ထက်ဝက်ကျဆင်း

ကိုရိုနာရောဂါဂယက်ကြောင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်နေချိန်တွင် ထားဝယ်ဒေသရှိ ဆံသဆိုင်လုပ်ငန်းများလည်း ပါဝင်သည်။ ကိုရိုနာဂယက်မတိုင်မီကတစ်ရက်လျှင် ဆံပင်လာညှပ်သူဦးရေ ၃၀ ခန့်ရှိရာမှ လက်ရှိတွင် ၁၀ ဦးကျော်သာရှိတော့ကြောင်း ထားဝယ်မြို့ဝဲကျွန်းရပ်ကွက် ဇမ္ဗူဆံသဆိုင်မှ ကိုမျိုးမင်းလွင်က ဆိုသည်။

ထားဝယ် လေယာဉ်ကွင်းလမ်းတစ်လျှောက် LED မီးတိုင် တစ်ဆယ်ကျော် တပ်ဆင်မည်

ထားဝယ် လေယာဉ်ကွင်းလမ်းတစ်လျှောက်တွင် အလင်းအားကောင်းသည့် LED မီးတိုင် ၁၁ တိုင် တပ်ဆင်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။လေယာဉ်ကွင်းလမ်းတစ်လျှောက်တွင် မှောင်နေပြီး ယခင်စိုက်ထူထားသည့် မီးတိုင်များမှာလည်း အလင်းရောင်ကောင်းစွာမရှိသဖြင့် သာမန်ထက်အလင်းအားကောင်းသည့် LED မီးတိုင်များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း အထက်ပါကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။

ကိုရိုနာအရေးပေါ်အတွက် တပ်မတော် အသင့်ပြင်

ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအတွက် တပ်မတော်ကလည်းအဆင်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်းတနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေးအရေးပေါ်အခြေအနေအတွက် တနင်္သာရီတိုင်းအတွင်းရှိ တပ်မတော်ဆေးရုံများသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တပ်မတော်ဆေးရုံများကိုပါအသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ “အားလုံးကတော့အဆင်သင့်လုပ် ထားတာပေါ့။ အခုတို့တပ်မတော်ဆေးရုံတွေဆိုလို့ရှိရင်တကယ်လို့ဖြစ်လာခဲ့ရင်ဘယ်သူမဆိုပေါ့။...

တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံခြားသားများ ကျန်းမာရေးစစ်ဆေးချက် ရှိရမည်

တနင်္သာရီတိုင်းအတွင်း လုပ်ငန်းခွင်အမျိုးမျိုးတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအနေနှင့် ကျန်းမာရေးဌာန၏ ကျန်းမာရေးစစ်ဆေးပြီး စစ်ဆေးချက်လက်မှတ်ယူရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် တိုင်းအတွင်းရှိ နိုင်ငံခြားသားများအနေဖြင့် ကျန်းမာရေးစစ်ဆေးရန်လိုအပ်ပြီး စစ်ဆေးပြီးကြောင်း အတည်ပြုချက်လက်မှတ်ရှိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ထိုသို့နိုင်ငံခြားသားများကို...

တနင်္သာရီအစိုးရကို စွဲဆိုထားသည့်အမှု တရားရုံးလက်ခံ၊ မေလ ၁၅ ရက်နေ့ စစစ်မည်

အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်မှုများကြောင့် ဆုံးရှုံးနစ်နာရသည်ဟုဆိုကာ လျော်ကြေးငွေကျပ်သိန်းပေါင်းငါးသောင်းရလိုမှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အစိုးရကိုတရားစွဲဆိုမှုကို တိုင်းတရားလွှတ်တော်က လက်ခံလိုက်ပြီဖြစ်သည်။ စူပါလိုကယ်ကုမ္ပဏီ၏ဆုံးရှုံးမှုများအတွက် လျော်ကြေးငွေရလိုမှုဖြင့်စွဲဆိုရာတွင် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းလူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန...