ကိုရိုနာရောဂါဂယက်ကြောင့် တိုင်းအစိုးရရုံး ဝင်ခွင့် ကန့်သတ်

0
716

ကိုရိုနာရောဂါပိုးဂယက်ကြေင့် တိုင်းအစိုးရရုံးအတွင်း ဝင်ခွင့်ကိုကန့်သတ်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။


မတ်လ ၃၀ ရက်မှစကာ ပြည်သူများအား တိုင်းအစိုးရဖွဲ့ရုံးအတွင်းဝန်ကြီးများနှင့် တွေ့ဆုံမှုကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့ ကန့်သတ်ခြင်းကို အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း လုပ်ဆောင်နေပြီး တနင်္သာရီတိုင်းတွင်အကြမ်းအားဖြင့် ဧပြီလ ၃၀ ရက်အထိ ကန့်သတ်ထားကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

“စာတွေဘာတွေကိုလည်း ဂိတ်မှာပဲ ပေးရမယ်။ အကယ်၍များ တအားအရေးကြီးလို့ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဦးနဲ့ တွေ့မယ်ဆိုရင် ဂိတ်ကနေပြီးတော့ ဖုန်းဆက်ပေးပါလိမ့်မယ်။ အရေးကြီးလို့ ဝန်ကြီးကနေတွေ့ခွင့်ပေးမှသာလျှင် တွေ့ရမှာဖြစ်ပါတယ်”ဟု ဦးကျော်မင်းက ပြောသည်။


အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လက်မှတ်ထိုးရမည့် ရုံးတွင်းစာများ၊ ကုမ္ပဏီများ၏တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီက လက်မှတ်ထိုးရမည့်စာများနှင့် အခြားစာများကို အစိုးရရုံးပေါက်ဝရှိဂိတ်တွင်လက်ခံပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးထံ ဆောင်ယူသွားသည့်စနစ်ကို ကျင့်သုံးနေသည်။