ကုန်ကားသမားများအား ကိုဗစ်စစ်ခ ကျပ်တစ်သောင်းလျော့

ကုန်တင်ကားသမားများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးရာတွင် စစ်ဆေးခကို တစ်ဝက်လျှော့ချလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယခင်က တစ်ကြိမ်စစ်ဆေးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ကောက်ခံခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှ စကာ ကျပ်တစ်သောင်းသာ...
Dawei Watch, Dawei News, Dawei News Media

မူးယစ်ဆေးသမား ခိုအောင်းသဖြင့် လေယာဉ်ကွင်းချုံများ ရှင်း

ထားဝယ်လေယာဉ်ကွင်းနှင့် တိုင်းအားကစားကွင်းဘေးရှိ နေရာတွင် ထူထပ်စွာပေါက်ရောက်နေသည့် ချုံနွယ်များအတွင်း မူးယစ်ဆေး ဝင်ရောက် သုံးစွဲသူများ ရှိသည့်အတွက် ရှင်းလင်းခြင်းကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ အဆိုပါနေရာမှာ ယခင်က အမှတ် ၂၅ ခြေလျင်တပ်ရင်းနေရာဖြစ်ခဲ့ဖူးပြီး လေယာဉ်ကွင်းတိုးချဲ့ချိန်တွင်...

မေဃဝတီဆရာတော် ကိုဗစ်ပိုး ကူးစက်ခံရ၊ ကျန်းမာရေး ကောင်းမွန်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းထိုင်နေသည့် မေဃဝတီ ဆရာတော်မှာ ကိုဗစ်ရောဂါကူးစက်ခံ ရပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဆရာတော်မှာ ထားဝယ်သားဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ လောင်းလုံးမြို့နယ်၊...

ရွေးကောက်ပွဲ အထူးရဲလေးဦးတွင် ကိုဗစ်ပိုးတွေ့

ရွေးကောက်ပွဲကာလတွင် တာဝန် ထမ်းဆောင်မည့် တနင်္သာရီတိုင်းအတွင်းမှ အထူးရဲသင်တန်းသားလေးဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အထူးရဲအဖြစ် တာဝန်ထမ်းဆောင် မည့်သူများကို အောက်တိုဘာလဆန်း ပိုင်းမှစကာ ငါးပတ်အကြာ သင်တန်းပေးနေစဉ် တွေ့ရှိရခြင်း ဖြစ်သည်။

ပစ္စည်းပို့သူများပြားသဖြင့် ထားဝယ်စာတိုက် ဝန်နှင့်အား မမျှ

ကိုဗစ်ကာလအတွင်း ထားဝယ်စာတိုက်မှတစ်ဆင့် ပစ္စည်းပို့သူ များပြားနေသဖြင့် ဝန်နှင့်အားမမျှဘဲဖြစ်နေကြောင်း ယင်းစာတိုက်ဝန်ထမ်းများက ဖွင့်ဟကြသည်။ အောက်တိုဘာလ ၁ ရက်က ထားဝယ်စာတိုက်ကို သွားကြည့်ခဲ့ရာ တစ်ရုံးလုံးနီးပါးတွင် ပစ္စည်းများဖြင့် ပြည့်နေသည်ကို တွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ထားဝယ်စာတိုက်တွင် ယင်းကဲ့သို့...
Dawei Watch, Dawei News, Dawei News Media

ဗိုက်ပူအဝလွန်ရဲ အရေးယူခံရသူ မရှိသေး

ဗိုက်ပူအဝလွန်နေသည့် ရဲတပ်ဖွဲ့ များ လေးလအတွင်း ဝိတ်လျှော့ရမည်ဟု ညွှန်ကြားထားပြီး လက်ရှိတွင် အရေးယူခံရသူ မရှိသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဝလွန်နေသည့် တပ်ဖွဲ့ဝင်များ လေးလအတွင်း ဝိတ်ချရန် ပြီးခဲ့သည့် မေလအတွင်းက...
Dawei Watch, Dawei News, Dawei News Media

မြွေဖမ်းတဲ့ မီးသတ်

မီးသတ်တပ်ဖွဲ့ဟု ဆိုလိုက်လျှင် မီးလောင်ကျွမ်းမှုများအား ငြိမ်းသတ်ရေးအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းအဖြစ်သာ လူသိများခဲ့သည်။ ရေနစ်၊ မြေပြိုစသည့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများမှာ ၎င်းတို့ နှင့် မဆိုင်ဟူ၍ပင် လှောင်ပြောင်သည့် ပြက်လုံးများပင် ထွက်ပေါ်ခဲ့ဖူးသည်။
Dawei Watch, Dawei News, Dawei News Media

ယခုနှစ်ဆောင်း အအေးပိုမည်

ယခုနှစ် ဆောင်းရာသီသည် အအေးပိုမည်ဟု ခန့်မှန်းရကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ ယခုနှစ်သည် လာနီညာ(စိုစွတ် သောရာသီဥတု) ရာသီဥတုဖြစ်ခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် အအေးလှိုင်းဖြတ်သကဲ့သို့ အနုတ်လက္ခဏာပြသည်အထိ အအေးပိုနိုင်ကြောင်း အထက်ပါဌာနမှ တိုင်းဒေသကြီး...
Dawei Watch, Dawei News, Dawei News Media

ဒုတိယအကြိမ်ကိုဗစ်ချေးငွေ လုပ်ငန်းသုံးခုသာ ရ

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်ခဲ့သည့် လုပ်ငန်းများကို ချေးငွေချေးခွင့်ပြုရာတွင် တိုင်းအတွင်းရှိ လုပ်ငန်းသုံးခုသာ ချေးခွင့်ရသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ရေထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ပြည်ပပို့ကုန်...
Dawei Watch, Dawei News, Dawei News Media

အွန်လိုင်း ဘောလုံးစွမ်းရည်ပြိုင်ပွဲ

တနင်္သာရီတိုင်းအတွင်းတွင် ဘောလုံးစွမ်းရည်ပြိုင်ပွဲတစ်ခုကို အွန်လိုင်းမှ တစ်ဆင့် ကျင်းပရန်ရှိနေကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ၁၈ ကိုက်အကွာအဝေးတွင်ရှိသော ဂိုးတိုင်၊ ကိုးဘားတန်းတို့ကို ဘောလုံးဖြင့် ထိအောင်ကန်ပြခြင်း၊ အချိန်းငါးမိနစ်အတွင်း ဘောလုံးအား ခြေဖျားဖြင့်...