ကုန်ကားသမားများအား ကိုဗစ်စစ်ခ ကျပ်တစ်သောင်းလျော့

0
366

ကုန်တင်ကားသမားများအား ကိုဗစ်-၁၉ ရောဂါရှိ၊ မရှိ စစ်ဆေးရာတွင် စစ်ဆေးခကို တစ်ဝက်လျှော့ချလိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ယခင်က တစ်ကြိမ်စစ်ဆေးလျှင် ငွေကျပ်နှစ်သောင်းနှုန်း ကောက်ခံခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှ စကာ ကျပ်တစ်သောင်းသာ သတ်မှတ်ခဲ့ကြောင်း အထက်ပါဌာန ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာဥက္ကာက ဆိုသည်။

ရောဂါစစ်ဆေးပြီးပါက ပိုးမတွေ့ ရလျှင် ကိုဗစ်မရှိကြောင်း ထောက်ခံချက် ထုတ်ပေးပြီး ယင်းထောက်ခံချက်၏ သက်တမ်းမှာ သုံးရက်ဖြစ်သည်။

မိမိခရီးသွားတဲ့ ဒေသမှ သုံးရက်အတွင်း ပြန်လည်ရောက်ရှိလျှင်မူ ထပ်မံ စစ်ရန် မလိုအပ်ကြောင်း ဒေါက်တာ ဥက္ကာက ဆိုသည်။

ထားဝယ်မြို့မှ ရှစ်မိုင်အကွာတွင်ရှိ သည့် ကုန်တင်ယာဉ်ယာယီရပ်နားစခန်းအနီးတွင် ကိုဗစ်စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ စစ်ဆေးပေးနေခြင်း ဖြစ်သည်။

အဆိုပါစခန်းတွင်စစ်ဆေးချက်အရ လက်ရှိအချိန်ထိ ကားသမားငါး ဦးတွင် ကိုဗစ်တွေ့ရှိထားသည်။