ယခုနှစ်ဆောင်း အအေးပိုမည်

0
291
Dawei Watch, Dawei News, Dawei News Media

ယခုနှစ် ဆောင်းရာသီသည် အအေးပိုမည်ဟု ခန့်မှန်းရကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်သည် လာနီညာ(စိုစွတ် သောရာသီဥတု) ရာသီဥတုဖြစ်ခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် အအေးလှိုင်းဖြတ်သကဲ့သို့ အနုတ်လက္ခဏာပြသည်အထိ အအေးပိုနိုင်ကြောင်း အထက်ပါဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောဆိုသည်။

“ဒီနှစ်က စံချိန် ကျိုးလိမ့်မယ်။ စံချိန်ကျိုးလိမ့်မယ်ဆိုတာက အပူချိန်ဆိုလည်း အမြင့်ဆုံးတင်ခဲ့တာပေါ့နော်။ အခု အအေးဆိုလည်း အနိမ့်ဆုံးရောက်အောင် ဆင်းမယ်။ ဘယ်လောက်ရောက်အောင် ဆင်းမတုန်းဆိုတာတော့ မပြောတတ်သေးဘူး” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။

အွန်လိုင်း ဘောလုံးစွမ်းရည်ပြိုင်ပွဲ

လာနီညာရာသီဥတုမှာ အေးပြီး မိုးများသည်ဟု ၎င်းက ပြောသည်။

ယင်းကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအကုန်၊ ဒီဇင်ဘာလမှ ၂၀၂၁ ပြည့်နှစ် ဇန်နဝါရီလဆန်းခန့်အထိ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအပြင် တနင်္သာရီတိုင်းတွင်လည်း ထူးထူးကဲကဲ အအေးပိုကာ စံချိန်တင်နိုင်သည်ဟု ဆို သည်။

ယခင်က နိုဝင်ဘာလသည် ဆောင်းရာသီအစဖြစ်ပြီး မိုးရွာသွန်းမှုဖြစ်စဉ်များ မရှိသော်လည်း ယခုနောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲလာခြင်းကြောင့် နိုဝင်ဘာအထိ မိုးရွာနေသောကြောင့် ဆောင်းရာသီဥတုမှာ ရက်တိုလာသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မိုးမြင့်