ကိုဗစ်ကာလ အလုပ်ရှာဖွေသူ မြင့်တက်

ထားဝယ်မြို့ အာဇာနည်လမ်းမပေါ်ရှိ ဖုန်းအော်ပရေတာ အရောင်းပြခန်း တစ်ခုအရှေ့တွင် ဇူလိုင်လ ၂၁ ရက်က ရာနှင့်ချီသော လူအုပ်တစ်ခု တိုးဝှေ့အလုပ်လျှောက်နေကြသည်။ အဆိုပါ ဖုန်းအော်ပရေတာ၏ မီတာဘေဝန်ဆောင်မှုအသစ်အတွက် ခန့်ထားမည့် ကွင်းဆင်းဝန်ထမ်း ၁၅၀ ဦးအတွက် တိုးဝှေ့အလုပ်လျှောက်နေကြခြင်း...

နယ်စပ်ဒေသလူငယ်ဖွံ့ ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသားလေးဆယ်ခန့် လက်ခံရန် လျာထား

ထားဝယ်မြို့ ကြက်စားပြင်တွင် အသစ်ဆောက်လုပ်ထားသည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသား ၄၀ ဦးခန့် လက်ခံရန်လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ကျောင်းသား ၁၆၀ ဦးခန့်...

တိုင်းအတွင်း ဆရာ၊ ဆရာမ တစ်ရာကျော်ကို အထက်တန်းပြရာထူး ခန့်အပ်

တိုင်းအတွင်းရှိ အခြေခံပညာကျောင်း များမှ B.Ed ဘွဲ့ရ နှင့် B.Ed ဒုတိယနှစ် အလယ်တန်းပြ ဆရာ၊ ဆရာမ ၁၁၇ ဦး ကို နိုဝင်ဘာလ ၁ ရက်က ရာထူးတိုး ပြောင်းအဖြစ် အထက်တန်းပြ...

အမှိုက်ခွဲပစ်သည့် ပစ္စည်းအပါအဝင် နည်းပညာထုတ်ကုန် သုံးဆယ်နီးပါး ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ ပြသ

ထားဝယ်ကွန်ပျူတာ တက္ကသိုလ်တွင် ကျင်းပသည့် နည်းပညာထုတ်ကုန်ပြပွဲတွင် အမှိုက်ခွဲခြားပစ်သည့် ထုတ်ကုန်ပစ္စည်း အပါအဝင် ထုတ်ကုန်၂၇ မျိုးကို ယင်းတက္ကသိုလ်ကျောင်းသားများက ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ရက်တာ ခင်းကျင်း ပြသခဲ့သည်။ ရော်ဘာစက်ရုံများတွင်...

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်စု ငါးခြောက်လှန်းစက် စမ်းသပ်တီထွင်

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားလူငယ်တစ်စုက ဒေသတွင်း အသုံးပြုနိုင်မည့် Dry Machine ဟုခေါ်သော ငါးခြောက်လှန်းစက်ကို စမ်းသပ်တီထွင်ခဲ့ကြောင်း ယင်းစီမံကိန်း တွင် ပါဝင်သည့် ကိုအောင်ခန့်ကိုက ပြောသည်။ ဇန်နဝါရီလက ပြုလုပ်သည့် ကျောင်း Project...

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဘာသာတွဲ ၅ ဖြေဆိုသူ အနည်းဆုံး

တနင်္သာရီတိုင်းမှ လာမည့် မတ်လ တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုမည့် ကျောင်း သား၊ ကျောင်းသူများမှာ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်းဘာသာများပါဝင်သည့် ဘာသာတွဲ ၅ ကို ဝင်ရောက်ဖြေဆိုသူ အနည်းဆုံးဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံး စာရင်းအရ သိရသည်။

အခြေခံပညာ ကျောင်းများ ဘယ်လိုပြန်ဖွင့်ကြမလဲ

အခြေခံပညာအထက်တန်းအဆင့်ကို ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာသည်။ ကျန်အတန်းများဖွင့်မည့်အချိန်ကို တိတိကျကျပြောဆိုထားခြင်း မရှိသော်လည်း အထက်တန်းအဆင့်များဖွင့်ပြီးပါက ကျန်အတန်းများကိုလည်း အဆင့်ဆင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောဆိုထားသည်။ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင်...

ကျွန်းစုရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်း ရပ်နား

ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းနဘေးရှိ ကျေးရွာနှစ်ဆယ်ကျော်ခန့် ကဏန်းဖမ်းလုပ်ငန်းများရပ်နားထားရကြောင်း မြိတ်မြို့ရှိကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်မဖြစ်မီကတစ်ရက်လျှင် ကဏန်းပိဿာချိန်ထောင်ချီဝယ်ယူနေသည့် ကဏန်းအဝယ်ဒိုင်ကြီးများအနေနှင့် ယခုအခါပိဿာချိန်နှစ်ရာခန့်သာ ဝယ်ယူနိုင်တော့ကြောင်းကဏန်းအဝယ် ဒိုင်ပိုင်ရှင်များက ပြောကြားသည်။ “ပင်လယ်ရွာနှစ်ဆယ်ကျော်က လူသုံးရာလောက်က ကျွန်တော့ဖောက်သည်တွေ...

အခြေခံကျောင်းသားများ၏ အဆင့်သတ်မှတ်ချက် သိလိုက တောင်းကြည့်နိုင်

ပထမတန်းမှ န၀မတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ တစ်နှစ် တာ အဆင့်သတ်မှတ်ချက်ကို အောင်စာရင်းတွင် ထည့်သွင်းထုတ်ပြန်ပေးခြင်း မရှိသော်လည်း သက်ဆိုင်ရာကျောင်း များတွင် အုပ်ထိန်းသူတစ်ဦးဦးက တောင်း ယူ ကြည့်ရှုနိုင်ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

မိဘ/အုပ်ထိန်းသူ တစ်ဦးတည်းသာ ကျောင်း ကြို/ပို့လုပ်ရမည်

ကိုဗစ်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် ကျောင်းအကြို/ အပို့ ပြုလုပ်ရာတွင် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးတည်းသာ သီးသန့် ကြို/ပို့ပြုလုပ်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။ ကျောင်းအကြို/အပို့...