လုံးဖော‌ရွာတွင် ဒုတိယအကြိမ် ရေကြီးမှုကြောင့် အိမ်ခြေငါးဆယ်ခန့် ပြောင်းရွှေ့ရ

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် လုံးဖောရွာတွင် စက်တင်ဘာလ ၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် နေအိမ်ငါးဆယ်ခန့်က ပြည်သူများ ပြောင်းရွှေ့ရကြောင်း လုံးဖောရွာနေသူက ပြောသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာထိပ် မြေနိမ့်ပိုင်းရှိ ဆီအုန်းတောနေရာတို့တွင် ရင်ဘတ်အထိ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်များသို့...

ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့ ရေကြီး

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် မနေ့(စက်တင်ဘာ ၄)ညပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်။  ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာ ၊ အရှေ့ပိုင်းတွင် တောင်ကျချောင်းရေကြောင့် ဖောင်းတော-ကောင်းမှု လမ်းဆုံတွင် လမ်းမပေါ်ရေကျော်နေကြောင်း ရွာသားများကပြောသည်။

ပိုမိုဆိုးရွားလာသော လေထုညစ်ညမ်းမှု နှင့် ဂျကာတာ

မကြာသေးမီလများအတွင်း အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုကြောင့် မြို့တော်တွင်း ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာ များနှင့် ကျောင်းသားများအတွက် သင်ကြားရေးလုပ်ငန်းစဉ်များကို နေအိမ်မှသာ ဆောင်ရွက်ရန် ဂျကာတာ အစိုးရက တိုက်တွန်း ဆောင်ရွက်နေသည်။ အဆိုပါ...

ရေကြီးနစ်မြုပ်သဖြင့် ထားဝယ်ခရိုင်ရှိ လယ်များ စပါးမအောင်၊ ပျိုးပင်လည်း ဝယ်မရ

‌ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းရှိ စိုက်ပျိုးထားသည့် လယ်အများစု ရေလွှမ်းပျက်စီးသွားကြောင်း လယ်သမားအချို့ကပြောသည်။ ဇူလိုင်လ နောက်ဆုံးအပတ်မှစပြီး ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့သည်။ ရေကြီးရေလျှံချိန်တွင် စိုက်ပျိုးထားသည့် ပျိုးပင်ပေါက်များ ရေကြီးနစ်မြုပ်ခဲ့သဖြင့်...

ဘီးလင်းတွင် ရေဘေးကြောင့် ဒေသခံရှစ်ထောင်ကျော်ကို ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ထားရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ဒေသခံ ၈၃၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့နယ် အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဩဂုတ်လဆန်းပိုင်းမှစပြီး...

ဘီးလင်းတွင် ရေကြီးပြီး ဒေသခံထောင်နှင့်ချီ ဘေးလွှတ်ရာပြောင်းရွှေ့ရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ထောင်နှင့်ချီသည့် ဒေသခံများကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၂ ရက်နေ့မှစတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာကြောင်း ဒေသခံတို့ထံမှ...

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင် တောင်တက်လမ်းမြေပြို

တနင်္သာရီတိုင်းတွင် ထင်ရှားသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်း ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက မြေပြိုကျကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေသားပြိုကျပြီး ကိုးနာရီကြာ လမ်းပိတ်ဆို့ခဲ့ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် လမ်းနှစ်ပိုင်းပြတ်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်ကား ယာယီရပ်နား

ရေကြီး၊ ရေလျှံမှုကြောင့် လမ်းနှစ်ပိုင်းပြတ်တောက်သွားသဖြင့် ခမောင်းသွယ်တိုက်နယ်က အရေးပေါ်လူနာတင်ကား ပြေးဆွဲခြင်းကို ယာယီရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ် မြေးခံဘော်သွားလမ်းပေါ်ရှိ ညောင်တုန်းကျေးရွာတံတားထိပ်တွင် လမ်းနှစ်ပိုင်းပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းအတွက်ကြောင့် မြေးခံဘော်တိုက်နယ်အတွင်း အားထားနေရသည့်...

မိုးများ၍ ထားဝယ်မြို့သစ်တွင် ရေကြီး

ထားဝယ်တွင် မနေ့(ဇူလိုင် ၂၈) ညက‌စပြီး ယ‌နေ့မနက်ပိုင်းအထိရွာသည့်မိုးကြောင့် ထားဝယ်မြို့သစ် ၈ လမ်း နှင့် ၅ လမ်း တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။ သက်ကြီးရွယ်အိုများနှင့် မကျန်းမာသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းဖွဲ့များက အရေးပေါ်ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးနေသည်။

လောင်းလုံးနှင့် အနီးဝန်းကျင်ကျေးရွာများ ရေကြီးရေလျှံမှုကြုံတွေ့

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့တွင်း ရပ်ကွက်အချို့နှင့် မြို့၏ အရှေ့ဘက် ပြင်းထိန်ကျေးရွာတို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းကစပြီး ရေကြီးရေလျှံဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှသိရသည်။ မနေ့မနက်ပိုင်းကစတင်ပြီး လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာများက ဒေသခံများ...