ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင် တောင်တက်လမ်းမြေပြို

0
1885
ဓာတ်ပုံ - ဘုရားဂေါပက

တနင်္သာရီတိုင်းတွင် ထင်ရှားသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်း ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက မြေပြိုကျကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေသားပြိုကျပြီး ကိုးနာရီကြာ လမ်းပိတ်ဆို့ခဲ့ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သတင်းရ ရချင်း မနက် ၈နာရီလောက်ကစပြီး ရှင်းလင်းရေးစလုပ်တယ်။ လူအင်အားနဲ့မနိုင်လို့ ဘက်ဟိုးတစ်စင်းခေါ်ပြီး ထပ်ရှင်းတယ်။ ညနေ ၄ နာရီလောက်မှာ အကုန်ရှင်းပြီးလို့ လမ်းရှင်းသွားတယ်။ သွားလို့ရသွားပါပြီ” ဟု ၎င်းက ဆိုသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ကလိန်အောင်မြို့၊ အမှတ် ၄ ရပ်ကွက်တွင် ကားလမ်းမပေါ် ရေ သုံးပေခန့်ကျော်နေသဖြင့် ဆိုက်ကယ်စီးသွားရန် အဆင်မပြေကြောင်း ဒေသခံတို့ကထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်ကစပြီး ထားဝယ်ခရိုင်တွင် နေရာအနှံအပြား မိုးကြီးပြီး ရေကြီးရေလျှံနေသည်။