ညမထွက်ရ၊ သို့သော် . . .

ကမြောကင်းတံတားထိပ် ဗိုလ်မှူးကြီး ဗထူးကြေးရုပ်အနီး နံနက်လေးနာရီ တိုင်းတွင် လူအုပ်ကြီးက စောင့်နေသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ကမြောကင်းတံတားဖွင့်ချိန်ကို စောင့်နေသူများ ဖြစ်သည်။ ခန့်မှန်း လူဦးရေ ၅၀ မှ ၁၀၀ ဦး အကြား ရှိသည်။

မိုးစပါးချေးငွေ ထုတ်ချေးမည်၊ သို့သော် လူစုလူဝေး မဖြစ်ရ

မေလဆန်းပိုင်းတွင် စတင်ထုတ် ချေးပေးရတော့မည့် မိုးစပါးချေးငွေများ အတွက် တနင်္သာရီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဝန်ထမ်းများနှင့် လယ်သမားတို့သည် စိုးရိမ်စိတ်များရှိနေကြ သည်။ ယခုနှစ်မိုးစပါးချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးများတွင် ထုတ်ချေးပေးမည်မဟုတ်ဘဲ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် မြို့နယ်များရှိ...

“ဈေးကွက်ပြန်ရှာဖို့အတွက် တော်ရုံနဲ့ နာလန်ထူဖို့ မနည်းကြိုးစားရဦးမယ်”

ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နှင့်တွေ့ဆုံခြင်း တနင်္သာရီတိုင်းရှိ ရေမြေအနေအထားကြောင့် ခရီးသွားလုပ်ငန်းအတွက် မျှော်လင့်ချက်များ ရှိလာသည့်အခြေအနေတွင် ကမ္ဘာအနှံ့ ကိုရိုနာရောဂါကူးစက်ပြန့်ပွားမှုကြောင့် လုပ်ငန်းလုံး၀ ရပ်ဆိုင်းသွားခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်နိုင်သည်ဟု ခန့်မှန်းထားသည့် ဧပြီလမှာ...

ကွမ်းယာဆိုင်များ ကိုဗစ်ကာကွယ်ရေး လိုက်နာမှု အားနည်း

ထားဝယ်ဒေသတွင် ရောင်းချနေသည့် ကွမ်းယာ ဆိုင် အများစုမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှု အားနည်းနေဆဲဖြစ်သည်။ ကိုဗစ်ရောဂါကို ကာကွယ်သည့်အနေဖြင့် ဈေးရောင်းချသူများနှင့် ဝယ်ယူသူများ နှာခေါင်းစည်း တပ်ရန်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊...

တနင်္သာရီမြို့နယ်ဆေးရုံတွင် ဖျားနာဆေးကုခန်းဖွင့်

ကိုယ်ပူ၊ ဖျားနာသူများ တနင်္သာရီမြို့နယ်ဆေးရုံဝင်းအတွင်းရှိ ဖျားနာဆေးကုခန်းတွင် ဧပြီလ ၂၆ ရက်မှစပြီး ဆေးဝါးကုသနိုင်ပြီဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။ ဖျားနာဆေးကုခန်းဖွင့်ချိန်ကို နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သတ်မှတ်ထားသည်။

ကိုဗစ်-၁၉ နှင့် အသက်ရှုကျပ်လာသည့် ကျေးလက် လူနေမှုဟန်ပန်

အိမ်နီးနားချင်း အချင်းချင်း အကူး အလူး အဆက်အဆံပြု၍ မရသည့် အခြေအနေအောက်သို့ ရောက်ရှိနေသည့် အခါ ဘ၀တို့သည် အသက်ရှူကျပ်လာ ပေတော့သည်။ အထူးသဖြင့် အစိုးရဆိုသည်တို့နှင့် အဝေးဆုံးတွင် တည်ဆောက်ထားသည့် ရပ်ရွာအခြေပြု လူမှုအသိုင်းအဝိုင်းတို့ အနေနှင့်...
editorial

ကျွန်ုပ်တို့ အမှတ်ရနေမှာပါ

နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့က ထုတ်သည့် စာတစ်စောင်တွင် အလွန်လှပ အဓိပ္ပာယ်ရှိသော မူဝါဒ စကားရပ်တစ်ခု ပါရှိသည်။ "လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်၏ ပိုင်နက်...

ကပ်ဆိုးအကြောင်းပြု ပေါင်းစုကြသည်၊ သို့သော် အချိန်ကြာလာသောအခါ

("ကပ်ဆိုးအကြောင်းပြု ပေါင်းစုခွင့်"ဘ၀ဟန်ဆောင်းပါးကို မတ်လ ၃၀ ရက်ထုတ် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည်။ အချိန်ကြာကြာ အိမ်တွင် အတူတူနေလာရသောအခါ ထိုပေါင်းစု ခွင့်ကား မည်သို့ အဓိပ္ပာယ်ဆောင်လာပြီ နည်း။ ယခု အချိန်တစ်လ ကြာပြီးနောက် ထိုဆောင်းပါးတွင် မေးမြန်းထားသူများ ကို ပြန်လည်မေးမြန်းကာ...

မြိတ်မင်္ဂလာဆောင်ပွဲ ငွေဒဏ်ချ မှတ်ခံရ၊ ရေဖြူဘုန်းကြီးပျံကိစ္စ တရားရုံးလျှောက်ထားဆဲ

ကိုဗစ်ကပ်ဘေးကာလအတွင်း မြိတ် မြို့တွင် မင်္ဂလာပွဲကျင်းပသူ သုံးဦးကို တစ်ဦးလျှင် ဒဏ်ငွေကျပ်ငါးသောင်းစီချမှတ် လိုက်ပြီး ရေဖြူဘုန်းကြီးပျံကိစ္စမှာ တရားရုံးကို ဦးတိုက်လျှောက်ထားဆဲ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ မင်္ဂလာဆောင်ကိစ္စတွင် မြစည်းစိမ် ဟိုတယ်မန်နေဂျာ၊ သတို့သားနှင့်သတို့...

အစိုးရ၏ ကိုဗစ်ကာကွယ်ရေး ထုတ်ပြန်ချက်များ မေ ၁၅ ထိ သက်တမ်းတိုး

COVID - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်ထောင်စုနှင့် တနင်္သာရီတိုင်းဒေသကြီး COVID - 19 ကာကွယ်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော် ငြာစာ၊ ညွှန်ကြားချက်အားလုံးကို မေလ ၁၅ ရက်အထိ ရက်တိုးမြှင့်...