တနင်္သာရီမြို့နယ်ဆေးရုံတွင် ဖျားနာဆေးကုခန်းဖွင့်

0
378

ကိုယ်ပူ၊ ဖျားနာသူများ တနင်္သာရီမြို့နယ်ဆေးရုံဝင်းအတွင်းရှိ ဖျားနာဆေးကုခန်းတွင် ဧပြီလ ၂၆ ရက်မှစပြီး ဆေးဝါးကုသနိုင်ပြီဖြစ်ကြောင်း ယင်းဆေးရုံထံမှ သိရသည်။

ဖျားနာဆေးကုခန်းဖွင့်ချိန်ကို နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သတ်မှတ်ထားသည်။

ကိုဗစ်ရောဂါဖြစ်နေသည့် ကာလတွင် ဖျားနာလူနာများနှင့် အခြားလူနာများကို ခွဲထားနိုင်ရန် ယင်းသို့ သီးသန့် ဆေးကုခန်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေအနေ ပုံမှန်ဖြစ်သည့်အချိန်အထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သိုက်ထွန်းက ပြောသည်။

သံဃာတော်များအတွက် တနင်္သာရီ မြို့နယ်ဆေးရုံရှိ သံဃာဆောင်တွင် ဖွင့်လှစ်ထားသည့် ကိုယ်ပူ၊ ဖျားနာဆေးကုခန်းတွင် လာရောက်ပြသနိုင်ကြောင်း သိရသည်။

မြိတ်ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ လူနာဆောင်နှင့် ကန်ခေါင်းရပ် မိခင်နှင့်ကလေး ဆေးကုသဆောင်ရှိ နားနေဆောင်တို့တွင်လည်း ဧပြီလ ၁၄ ရက်နေ့ မှစပြီး ဖျားနာ၊ နှာစေး၊ ချောင်းဆိုး၊ ရပ်ကြပ်လူနာများအတွက် ဖျားနာဆေးကုခန်း ဖွင့်လှစ်ထားသည်။

မြင့်မိုရ်(မြိတ်)