လယ်သမားများထံမှ စပါးဝယ်ယူရန် တနင်္သာရီတိုင်းအစိုးရ စီစဉ်

တနင်္သာရီတိုင်းအတွင်းရှိ လယ်သမားများထံတွင် စပါးဝယ်ယူရန်အတွက် တနင်္သာရီတိုင်းအစိုးရ အဖွဲ့က စီစဉ် ဆောင်ရွက်နေပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ထံ ဒီဇင်ဘာလ ၁၇ ရက်က တင်ပြ ထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ဘတ်နှင့်ကျပ်လဲလှယ်ရာတွင် မြန်မာငွေစျေးပြန်တက်၊ တစ်ဘတ် ကျပ် ၇၀ ဝန်းကျင် ပြန်ရောက်

ထိုင်းဘတ်နှင့် မြန်မာငွေလဲလှယ်ရာတွင် ကျပ်ငွေတန်ဖိုးပြန်တက်လာပြီး တစ်ဘတ်လျှက် ကျပ် ၇၀ ဝန်းကျင်အထိပြန်ရောက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လကုန်က ထိုင်းငွေ တစ်ဘတ်လျှင် တစ်ရာကျပ်ဝန်းကျင်အထိ ရောက်ရှိသွားရာမှ စက်တင်ဘာလကုန်တွင် ကျပ်ခုနှစ်ဆယ်ကျပ်ဝန်းကျင်အထိ ဈေးကျသွားခြင်းဖြစ်သည်။

မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်အပါအဝင် ကုန်စည်အများစု ဈေးတက်

မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်အပါအဝင် ကုန်စည်အများစု ဈေးနှုန်းမြင့်တက်လာသည်။ ပြီးခဲ့သည့် သီတင်းနှစ်ပတ်က ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၇၅၀၀၀ ကျပ်စျေးရှိရာမှ ၅၀၀၀ ကျပ် စျေးထပ်တက်သဖြင့် ၁၈၀၀၀၀ ကျပ်ဖြစ်လာသည်။ ထို့အပြင် ဆန်အမျိုးအစားအပေါ်မူတည်ပြီး...

ဆန် အတက်ဈေးဖြင့်ငြိမ်နေသည့် မြိတ်ကုန်စည်ဈေးကွက်

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဇန်နဝါရီလကုန်ပိုင်းကပင် ဆက်တိုက်တက်နေသည့် ဆန်ဈေးနှုန်းမှာ ယခုသီတင်းပတ်တွင် အတက်ဈေးဖြင့် တည်ငြိမ်နေသည်။ ဇန်နဝါရီလ နောက်ဆုံးပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၅၄,၅၀၀ ကျပ်ဈေးရှိရာမှ ဖေဖော်ဝါရီ ပထမပတ်တွင် ၆၀၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ ယင်းနောက်...

ရွှေဘိုဆန်စျေးကျသော်လည်း ဆန်ကြမ်းစျေးအနည်းငယ်တက်သည့် အခြေခံစားသောက်ကုန်စျေးကွက်

ထားဝယ်တွင် အတက်ကြမ်းလျက်ရှိသော ရွှေဘိုပေါ်ဆန်း တစ်အိတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်းတစ်ထောင်မှ တစ်သိန်းနားအထိကျလာသော်လည်း ဆန်ကြမ်းဈေး တစ်အိတ်လျှင်ကျပ် နှစ်ထောင်ကျော်မှ သုံးထောင်အထိ မြင့်တက်လာသည်။ စားသုံးဆီဈေးနှုန်းအချို့မှာ တည်ငြိမ်နေပြီး ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ ဩဂုတ်လ ၂၆ ရက်နေ့အထိ...

ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများ ထုတ်လုပ်မှုစရိတ် ချေးငွေ လျှောက်နိုင်

တိုင်းအတွင်းရှိ ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများ ထုတ်လုပ်မှုစရိတ်ချေးငွေ ချေးယူလိုပါက သက်ဆိုင်ရာ မြို့နယ်ဘဏ်ခွဲများတွင် လျှောက်ထားနိုင်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ (တနင်္သာရီတိုင်းဘဏ်ခွဲ)တိုင်း မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ပြောသည်။ သီးနှံထုတ်လုပ်နေပြီဖြစ်သည့် ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုစိုက်တောင်သူများကို တစ်ဧကလျှင် ငွေကျပ်တစ်သိန်း နှုန်းဖြင့် တောင်သူတစ်ဦးလျှင် ဆယ်ဧကအထိ...

ရွှေတစ်ကျပ်သား ကျပ်လေးသောင်း ပြန်ကျ (မေ ၁)

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရအ‌ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်လေးသောင်း ပြန်ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် လေးဆယ့်ခုနစ်သိန်းခြောက်သောင်း (၄,၇၆၀,၀၀၀) ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း အနည်းငယ်ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၉၄၈...

ထပ်ကျသည့်ရွှေဈေးနှင့် အတက်အကျနည်းသည့်ဘတ်ဈေး ယနေ့ဈေးနှုန်း (အောက်တိုဘာ ၂၀ )

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ အောက်တိုဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ...

ရွှေတစ်ကျပ်သား နှစ်ဆယ့်ရှစ်သိန်းလေးသောင်းဖြင့် ဈေးဖွင့် (ဖေဖော်ဝါရီ ၂၀ )

ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း(2840000 ကျပ်) ဖြင့် ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်အပတ် သောကြာနေ့ ပေါက်ဈေးနှင့် ယနေ့ ဈေးနှုန်းမှာ အပြောင်းအလဲမရှိပေ။ ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျနေပြီးဓာတ်ဆီဈေးလည်း ကျရိပ်ပြနေသည်။

ပြည်သူ့အကျပ်အတည်းကို ညွှန်ပြနေတဲ့ စျေးနှုန်းတွေ

နိုင်ငံရေးတည်ငြိမ်မှုမရှိတာ၊ စီးပွားရေးကျဆင်းလာတာတွေကြောင့် ပြည်သူတွေက နေ့စဉ်နဲ့အမျှ စား၊ဝတ်၊နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အလုပ်အကိုင်ရှားပါးလာမှုကြောင့် ဝင်ငွေကျဆင်းနေတဲ့ ပြည်သူတွေမှာ ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ကြုံတွေ့နေရတဲ့အတွက် အဟာရပြည့်ဝစွာ နေ့စဉ်စားနိုင်ဖို့ ခက်ခဲတဲ့သူတွေ ပိုမိုများပြားလာနေပါတယ်။