ရွှေဘိုဆန်စျေးကျသော်လည်း ဆန်ကြမ်းစျေးအနည်းငယ်တက်သည့် အခြေခံစားသောက်ကုန်စျေးကွက်

0
1391

ထားဝယ်တွင် အတက်ကြမ်းလျက်ရှိသော ရွှေဘိုပေါ်ဆန်း တစ်အိတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်းတစ်ထောင်မှ တစ်သိန်းနားအထိကျလာသော်လည်း ဆန်ကြမ်းဈေး တစ်အိတ်လျှင်ကျပ် နှစ်ထောင်ကျော်မှ သုံးထောင်အထိ မြင့်တက်လာသည်။

စားသုံးဆီဈေးနှုန်းအချို့မှာ တည်ငြိမ်နေပြီး ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ ဩဂုတ်လ ၂၆ ရက်နေ့အထိ သုံးပတ် ဆက်တည်ငြိမ်နေသည်။

ဆယ်ပိဿာဝင် စားအုံးဆီ(ပုံးဝါ)တစ်ပုံး၏ဈေးနှုန်းမှာ နှစ်ပတ်ဆက်တိုက် ၉၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေသော်လည်း ဆိုင်အချို့တွင် ပစ္စည်းပြတ်သဖြင့် ဝယ်မရဖြစ်နေသည်။

ပင်လယ်ငါးဈေးနှုန်းမှာ ပြီးခဲ့သည့်အပတ်ကထက် တစ်ပိဿာလျှင် ငါးရာမှ တစ်ထောင်ကျပ်အထိ ဈေးတက်လျက်ရှိပြီး ပုဇွန်ဈေးနှုန်းမှာ အရင်ပတ်ကထက် ကျပ် ၁၀၀၀ ခန့်မှ ကျပ် ၂၀၀၀ အထိဈေးကျ လာသည်ကိုတွေ့ရသည်။

စက်သုံးဆီဈေးနှုန်းမှာ တစ်ပတ်အတွင်း အမျိုးအစားလိုက်၍ ၁ လီတာလျှင် ကျပ် ၂၅၀ ကျော်ခန့် ဈေးတက်လာတာတွေ့ရသည်။