မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်အပါအဝင် ကုန်စည်အများစု ဈေးတက်

0
546

မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်အပါအဝင် ကုန်စည်အများစု ဈေးနှုန်းမြင့်တက်လာသည်။

ပြီးခဲ့သည့် သီတင်းနှစ်ပတ်က ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၁၇၅၀၀၀ ကျပ်စျေးရှိရာမှ ၅၀၀၀ ကျပ် စျေးထပ်တက်သဖြင့် ၁၈၀၀၀၀ ကျပ်ဖြစ်လာသည်။

ထို့အပြင် ဆန်အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်လျှင် ယခင်အပတ်ထက် ၂၀၀၀ မှ ၃၀၀၀ ကျပ် ထပ်တက်လာသည်။

ကြက်သွန်နီတစ်ပိဿာလျှင် ယခင်အပတ်က ၄၇၀၀ ကျပ်မှ ၂၀၀ ကျပ်တက်သဖြင့် ယခုအပတ်တွင် ၄၉၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

ကြက်သွန်ဖြူတစ်ပိဿာလျှင် အမျိုးအစားအပေါ်မူတည်ပြီး ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ် မြင့်တက်လာသည်။

ငရုတ်သီးဈေးကွက်တွင် ယခင်အပတ်က ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်စျေးရှိရာမှ ၅၀၀ ကျပ် စျေးထပ်တက်လာသဖြင့် ယခုအပတ်တွင် ၁၂၅၀၀ ကျပ်ဖြစ်လာသည်။

အလားတူ ငရုတ်သီးခြောက် (ငရုပ်ပု) တစ်ပိဿာလျှင် ၁၀၀၀ ကျပ်တက်လာသည်။

ကျန်ကုန်စည်တို့မှာ စျေးတည်ငြိမ်နေသည်။